လွေးလာဝ်ဇာရ်၊ ဇွန်လ ၁ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နားလိုင်နဲ့ နမ့်လုတ်ရွာကြား ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တိုက်ပွဲမှာ MNDAA တပ်သား ၁၀ ဦး ကျဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိတယ်လို့ ဖြစ်စဉ်သိရသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁ ရက် နေ့လယ် ၂ နာရီခွဲက SSPP စစ်ကြောင်း ထွက်နေချိန်မှာ MNDAA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ SSPP က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက “ကိုးကန့်ဘက်က ၁၀ ယောက် သေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဖြစ်စဉ်ကတော့ ဟိန်းလွမ့်ရွာထိပ်မှာ SSPP နေတယ်။ ဟန်းနားရွာမှာကျတော့ ကိုးကန့်နေတယ်။ SSPP ဘက်က လားရှိုး နောင်မွန်ဘက် သွားလည်ချင်တာ။ ကိုးကန့်က လမ်းမကြီးအတိုင်း ပေးမသွားဘူး။ ‌သွားချင်ရင် တောလမ်းကနေသွားတဲ့။ SSPP လည်း တောလမ်းကနေ သွားတာ။ ကိုးကန့်က အနောက်ကနေ လိုက်လာတာ။ အဲဒါနဲ့ ပစ်ခတ်တာ” လို့ ပြောပါတယ်။

အဲဒီ အနီးအနားရွာမှာရှိတဲ့ နားလိုင်၊ ဟန်နား၊ ဟိန်းလွမ့်နဲ့ ကောင်းကော်စတဲ့ကျေးရွာတွေကို ကိုးကန့်တပ်ဘက်က ဘယ်မှမသွားခိုင်းတဲ့အပြင် သွားလာတာ‌ တွေ့ရင်လည်း ဖမ်းမယ်လို့ MNDAA ဘက်က ပြောဆိုထားတာရှိတယ်လို့ ဆိုပါတယ်။

“အခုက ကိုးကန့်ဘက်က ‌ဟန်နားရွာကလူတွေလည်း ဟိန်းလွမ့်ဘက် ပေးမသွားဘူးတဲ့ ဟိန်းလွမ့်က လူတွေလည်း ဟန်နားဘက် ပေးမသွားဘူး။ ရှမ်းအဖွဲ့ဘက်က ဘာမှပြောတာတော့မရှိဘူး။ ဟန်နားရွာရဲ့ နတ်စင်မှာ ထောင်ထားတဲ့ အလံတွေတောင် ကိုးကန့်က ဖြုတ်ပလိုက်တာ။ ကိုယ့်ရွာမှာနေပြီး လုံခြုံတဲ့နေရာမှာ နေနေကြတယ်” လို့ ပြောပါတယ်

လက်ရှိမှာ SSPP တပ်ဖွဲ့ကလည်း စစ်အင်းအားဖြည့်ထားသလို MNDAA တပ်ဘက်ကလည်း စစ်အင်အားတွေ ထပ်ဖြည့်နေပြီး နှစ်ဖက်တပ်စလုံး စစ်ရေး‌တင်းမာနေကြတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။