ဓာတ်ပုံ – Google

လွေးထွေး၊ ဇွန်လ ၁ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတချို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲဖို့ ပြင်ဆင်နေကြောင်း ထွက်ပေါ်လာတဲ့ ကောလဟလသတင်းတွေအပေါ် သက်ဆိုင်ရာဆေးရုံတွေက စိုးရိမ်နေကြကြောင်း ဆေးရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မေလ နောက်ဆုံးပတ်ကစပြီး မူဆယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတွေကို လက်နက်ကိုင်တစ်စုနဲ့ ပြည်သူ့စစ်တချို့က ပူးပေါင်းပြီး ပြန်ပေးဆွဲဖို့ ပြင်ဆင်နေဆိုပြီး သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က လာတဲ့လူနာတိုင်း ဆေးကုပေးရတာဖြစ်တယ်။ အခွန်လာကောက်တဲ့ အဖွဲ့တိုင်း အခွန်ပေးရတယ်။ ကြားရတဲ့သတင်းက ကျနော်တို့ ပုဂ္ဂလိကဆေးရုံက အခွန်ပေးတာ နည်းတယ်တဲ့။ စကားပြောတာလည်း ကဂျီကဂျောင်ပြောတယ်တဲ့။ အဲတာကြောင့် အခု သူတို့က ပြန်ပေးဆွဲမယ်တဲ့”ဆိုပြီး ပြောပါတယ်။

ကောလဟလသတင်းဆိုပေမဲ့ လူနာတွေကို ဆေးကုသ‌ပေးနေရချိန် အမြဲကြောက်ရွံ့နေရပြီး နေ့စဉ်ညတိုင်း စိုးရိမ်စိတ်နဲ့ ဖြတ်သန်းနေရကြောင်း သူက ဆိုပါတယ်။

နောက်ထပ် ပုဂ္ဂလိက ဆေးရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးလည်း “ကျမတို့ကတော့ ကြောက်နေရတယ်။ ဖြစ်မှာလား၊ မဖြစ်မှာလားမသိပေမဲ့ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်ဆိုတော့ ကြာရင်တော့ သေနိုင်တယ်။ ကျမတို့က လက်နက်လည်း မရှိဘူး။ ဆေးဘဲ ကုနေတာပါ။ ဘာမှမလုပ်ကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

မူဆယ်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာ ရွှေမူဆယ်၊ တော်ဝင်မိသားစု၊ မြတ်စေတနာ၊ တော်ဝင်ရွှေလီ စတဲ့ဆေးရုံတွေဘဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီ ၉ ရက်ကလည်း မူဆယ်မြို့ ဈေးရပ်ကွက်က Best House ဟိုတယ်အနီးမှာ ဖွင့်ထားတဲ့ ဒေါက်တာ မိုးကျော်နိုင်ဆေးခန်းမှ ဆရာဝန်တစ်ဦးကို မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၄ ဦးက ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့မှာ စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်တွေလည်း ပေါများပြီး လောင်းကစားဝိုင်းနဲ့ ကျားဖျန်ရုံတွေများသလို မူးယစ်ဆေးဝါးတွေလည်း အလွယ်တကူ ရနေတာကြောင့် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးစွဲမှုတွေ နေ့စဉ်ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက အရေးယူလုပ်ဆောင်ပေးနိုင်တာ မရှိကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာလည်း အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အမှတ် (၂) ၃၈ မိုင် မန်ပိန်းပြည်သူ့စစ်အဖွဲ့က နံပါတ်ပြားဖြုတ်ထားတဲ့ကားနဲ့ လာရောက် ပြန်ပေးဆွဲသွားခဲ့ပြီး မင်္ဂလာမူဆယ်ရှိ ၎င်းတို့ရဲ့ ပြည်သူ့စစ်စခန်းမှာ ၅ ရက်ကြာ ဖမ်းဆီးထားပြီးနောက် ငွေ သိန်းတစ်ထောင်နဲ့ လာရွေးခိုင်းခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။