ဓာတ်ပုံ – CJ

မိုင်းအရှိုင်း၊ မေလ ၃၀ ရက်, နောင်ချို

TNLA ပြန်လက်လွှတ်ခဲ့ရတဲ့ နောင်ချိုမြို့နယ် သရက်ချိုတပ်စခန်းကနေ နောင်တောကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၆၃ အရွယ် ဦးစိန်လွင်ကို လက်နက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“စစ်ကောင်စီက နောင်တောရွာအတွင်းကို ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်။ ပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်ပြီး သေသွားတယ်”

ဖြစ်စဉ်က ဒီနေ့ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူဟာ နောင်တောကျေးရွာ အနောက်ကုန်းမှာ နေထိုင်သူတစ်ဦးဖြစ်သလို အိမ်မှာ သားသမီး ၆ ယောက်ရှိသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ဆက်ပြောပါတယ်။

သရက်ချိုကို စစ်ကောင်စီတပ်က TNLA ထံ ပြီခဲ့တဲ့ မေလ ၂၀ ရက်မှာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင် သိမ်းပိုက်ရယူခဲ့ပြီး သရက်ချိုနဲ့ ၃ မိုင်ခန့် အကွာအဝေးရှိတဲ့ နောင်တောကို ဆက်လက်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်က မေလ အစောပိုင်းမှာ အပစ်အခတ်ရပ်စဲခြင်းကို ၁ လ ထပ်တိုးကြောင်းထုတ်ပြန်ခဲ့သလို မနေ့ မေလ ၂၉ ရက်မှာလည်း ငလျင်ဘေးသင့် ပြည်သူများကို ရှေးရှုပြီကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ယာယီအပစ်ရပ်စဲခြင်း ကြေညာထားတာကို အလေးထားလိုက်နာဆောင်ရွက်ဖို့ ထပ်မံပြောဆိုခဲ့ပါသေးပါတယ်။

အပစ်ရပ်ကြောင်းကြေညာထားတဲ့ ကာလအတွင်းမှာပဲ စစ်ကောင်စီတပ်က တောင်းခမ်းကနေ TNLA ရှိရာ နောင်လင်၊ သရက်ချို၊ ယာပြင်၊ ရွှေမုဌောစတဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။