ဓာတ်ပုံ – Local

မြတ်နိုး၊ မေ ၂၈ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်သွားတဲ့လမ်း စန်းကျာဟော် ဆိုတဲ့နေရာမှာ မနေ့ မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း၂ နာရီခန့်က မိုးကြီးမြေပြိုလာလို့ ခရီးသွား အမျိုးသား တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လန်ဆယ်က ဆင်းလာတာ ကားလမ်းမှာ မြေပြိုလာလို့ ဆိုင်ကယ်တွန်း နေချိန် ကျောက်တုံးတစ်ခု ခေါင်းပေါ် ပြုတ်ကျ ထိမှန်လို့ သေဆုံးသွားတာ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ ဝိုင်းမော်က အသက် ၃၀ ကျော်အရွယ် ဦးလွမ်းထောဆိုသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“မနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က ဖြစ်တာ။ စန်းကျာဟော် အောက်နားမှာ ဖြစ်တာ။ အခုက ဒီမှာပဲ သင်္ဂြိုလ်နေပြီလို့ ပြောတယ်။ အဲဒီ နေရာမှာက ဖုန်းလိုင်း မရှိတော့ ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်။” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရပေမယ့် လမ်းပိတ်နေလို့ သွားမရဖြစ်နေတာကြောင့် အဲဒီ စန်းကျာဟော်ဒေသခံတွေကပဲ င်္သဂြိုလ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ မနေ့ မေလ ၂၇ ရက်နေ့ရော ဒီနေ့ မေလ ၂၈ ရက်နေ့မှာပါ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင် ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ် တွေမှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။