ရွှေဖီမြေ၊ မေလ ၂၈ ရက်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ရဲ့ ထိန်းချုပ်ဒေသမှာ မူးယစ်ဆေးဝါးတွေထုတ်လုပ်နေတယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြောကြားချက်ကို အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်တယ်လို့ “ဝ” တပ်က တုန့်ပြန်လိုက်ပါတယ်။

မနေ့ မေလ ၂၇ ရက်မှာ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းနိုင်ငံမှာ ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးအများစုကို UWSA ထိန်းချုပ်ဒေမှာ ထုတ်လုပ်နေတယ်လို့ ပြောကြားခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

UWSA ရဲ့ လားရှိုးမြို့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြောကြားချက်ဟာ အချိန်ကိုက်နိုင်ငံရေး ကစားကွက်တစ်ခု ဖြစ်ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ တုန့်ပြန်ထားပါတယ်။

“မိုင် ရာထောင်ချီသည့် မြန်မာနယ်စပ်၌ မိမိတို့ UWSA “ဝ”တပ်ဖွဲ့ပဲရှိနေတာမဟုတ်ပါ။ မူးယစ် ဆေးဝါးများသည် မိမိတို့အား အန္တရာယ်ပြုသည်သာမက လူသားများ၏ဘုံရန်သူများဖြစ်ပြီး စဥ်ဆက်မပြတ်ကြိုးစားတိုက်ဖျက် သော်လည်း ပိတ်ပင်တားဆီးဖို့ မလွယ်ကူပေ”လို့ ဦးညီရန်းက တုန့်ပြန်ထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး “ဝ” တပ်ထိန်းချုပ်နယ်အတွင်း မူးယစ် ဆေးဝါးစိုက်ပျိုးမှုကင်းစင်နယ်မြေအဖြစ် ကြေညာခဲ့ကာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ကာ မူးယစ်ဆေးဝါးသုံးစွဲမှုအနည်းဆုံး ပြည်နယ်အဖြစ် တွေ့နိုင်တယ်လို့ ဦးညီရန်းက ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကတော့ UWSA အနေနဲ့ မူးယစ်ဆေးတွေဆက်ထုတ်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ရန်သူအဖြစ် သတ်မှတ်ပြီး တုန့်ပြန်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

UWSA ဟာ ထိုင်း- မြန်မာနယ်နဲ့ တရုတ်-မြန်မာနယ်စပ်မှာ အခြေချကာ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ထိုင်း-မြန်မာနယ်စပ်မှာ UWSA နဲ့ ထိုင်းနိုင်ငံအကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။