ဓာတ်ပုံ – CJ

မြတ်နိုး၊ မေ ၂၈ရက်၊ ဖားကန့်

ဖားကန့်လမ်း ဆိုင်းဖရာရွာမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးငယ် ၂ ဦး လက်နက်ကြီးကျည် ကောက်ဆော့ရာက ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

“ဆိုင်းဖရာရွာမှာ အိမ်ရှေ့နားမှာ ကလေး ၂ ယောက် လက်နက်ကြီးကျည် ကောက်ဆော့တာ ပေါက်ကွဲပြီး သေဆုံးသွားတယ်။ သူတို့၂ယောက်လုံးက ညီအစ်ကိုတွေပါ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်နှစ်ဦးဟာ အသက် ၁၂ နှစ် အရွယ် နဲ့ ၁၀ နှစ်အရွယ်တွေ ဖြစ်ကြတယ်လို့ သူက ပြောပါတယ်။

“ကလေးတွေက မမြင်ဖူးတဲ့ အရာဆိုရင် သိချင်တယ်လေ။ အဲဒါကြောင့် ကောက်ကိုင်လိုက်တာနေမှာ။ စစ်ဖြစ်ဖူးတဲ့ နေရာဆိုရင် ကလေးမိဘတွေ ကလေးတွေကို ခဏခဏ ပြောပြသတိပေးရမယ်” လို့ ‌နောက်ထပ် ဒေသခံ တစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ကာမိုင်းကနေ ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်းဖရာရွာကို ဝင်ရောက်လာခဲ့ပြီးနောက် စစ်ကောက်စီတပ်ဖွဲ့နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား အဲဒီ ဆိုင်းဖရာ နဲ့ ကပ်မှော်ရွာတစ်ဝိုက် ရက်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေမှာ ပေါက်ကွဲနိုင်သေးတဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အန္တရာယ် ကာကွယ်ရေး အသိပညာပေးတာတွေ များများ လိုအပ်နေကြောင်း ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။