ဓာတ်ပုံ – CJ (အုမ္မတီးရွာတွင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ နေအိမ်တချို့)

မိုင်းရူပ၊ မေလ ၂၂ ရက်၊ နောင်ချို

စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား နေ့စဥ်တိုက်ပွဲဖြစ်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ဒီနေ့ မေလ ၂၂ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်မှာ အုမ္မတီးလမ်းခွဲကို ဂျက်လေယာဥ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

ဧပြီလကုန်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ ပျက်ပြီးနောက် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မန်တုံ၊ မိုးကုတ်နဲ့ မိုင်းငေါ့ စတဲ့နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။

မေလ ၁၈ ရက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့လို့ စစ်ရှောင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တအာင်းတပ်ဘက်ကလည်း ၎င်းတို့ထိန်းချုပ်ထားတဲ့ နေရာတချို့ လက်လွတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

“ဒီနောက်ပိုင်းက စစ်ကောင်စီဘက်က ထိုးစစ်လုပ်ပြီး ပြန်သိမ်းနိုင်တာတော့ မရှိသေးဘူး။ အခု စစ်ကောင်စီစစ်ကြောင်းက ယာပြင်ရွာမှာဘဲ ရှိသေးတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ နောင်ချိုတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးဘဲ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မကြာခဏ ဝါဒဖြန့် ရေးသားနေကြပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။