အယ်လ်နော်အောင်၊ မေလ ၂၂ ရက်၊ မူဆယ်

တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံတွေမှာ အမျိုးသမီးငယ်တွေကို အဓမ္မ စေခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့က ပြည်သူ့စစ်ပိုင် ပြည့်တန်ဆာရုံတွေမှာ မြန်မာမိန်းကလေးငယ်တွေကို အတင်းအဓမ္မ စေခိုင်းတာဖြစ်ပြီး ၎င်းတို့ နေရပ်ကို မပြန်နိုင်အောင် ပြည်သူ့စစ်၊ စစ်ရေးတာဝန်ခံ (ပြည်သူ့ခေါင်းဆောင်) တွေက ၎င်းတို့ရဲ့ ဖုန်း၊ မှတ်ပုံတင်နဲ့ ငွေကြေးတို့ကို သိမ်းဆည်းထားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း ပြည်သူ့စစ်အဖွဲ့တွေဆီကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီး ၂ ဦးဟာ မူဆယ်မြို့မရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေမယ့် ရဲတွေက ၎င်းတို့ကို ကူညီပေးတာမရှိဘဲ ပြည်သူ့စစ်ထံ ပြန်လွှဲပေးခဲ့တယ်လို့ မျက်မြင်‌တွေ့ရှိခဲ့တဲ့ ဒုရဲအုပ်တစ်ဦး ပြောပြချက်အရ သိရပါတယ်။

“အဲဒီကောင်မလေး၂ ယောက်က မေ ၂ ရက် မနက်ပိုင်းမှာ သူတို့အပြင်ထွက်ခွင့်ရတယ်ဆိုပြီး ကျနော့ဆီကို ဖုန်းဆက်တယ်။ သူတို့ကို အတင်းအဓမ္မ စေခိုင်းနေတဲ့အတွက် ရဲစခန်းကို သွားပြီး အကူညီတောင်းမယ်ပေါ့။ ဒါနဲ့ ကျနော်လည်း ရဲစခန်းအရှေ့က ကြက်ကြော်ဆိုင်မှာ စောင့်နေလိုက်တယ်။ သူတို့ရောက်တော့ ကျနော်က မလိုက်ရဲဘူး။ နင်တို့နှစ်ယောက် သွားပြောလိုက်ဆိုပြီး လွတ်လိုက်တာ။ တစ်နာရီလောက်ကြာတော့ ပြည်သူ့စစ်ကားတစ်စီး ဝင်သွားတာ တွေ့လိုက်တယ်။ အဲကား ပြန်ထွက်လာတော့ ကားပေါ်မှာ အခု ပျောက်နေတဲ့ မိန်းကလေးနှစ်ဦး ပါသွားတာကို ကျနော်ကိုယ်တိုင် တွေ့လိုက်တာ”

မူဆယ်မြို့ ဟိုနားရပ်ကွက်၊ ဟိုမွန်၊ ကောင်းမူးတုံ၊ ကောင်းမူလွယ်၊ တောင်ရပ်ကွက်၊ စွမ်စော်နဲ့ စက်မှုရပ်ကွက်တွေမှာ နမ့်ခမ်းမြို့မပြည်သူ့စစ်၊ မန်ပြိန်းပြည်သူ့စစ်နဲ့ တာမိုးညဲပြည်သူ့စစ်တို့ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံပေါင်း (၆၉) ရုံ ရှိပါတယ်။

ရုံအကြီးအသေးပေါ် မူတည်ပြီး ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့ထံ တစ်ရုံကို ၂၅ သိန်းက‌နေ သိန်း ၅၀ ထိ လိုင်းကြေးပေးပြီး ဖွင့်လှစ်ထားတာ‌ ဖြစ်ပါတယ်။

နမ့်ခမ်းမြို့မပြည်သူ့စစ်က လိုင်ကြေးပေးပြီး ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံတွေကတော့ မူဆယ်မြို့မှာရှိတဲ့ သိန်းသန်းချီကားကြီးဝန်းမှာ ၉ ခန်း၊ ဆင်ဖြူဈေးအတွင်းမှာ ၄ ခန်း၊ စက်မှုရပ်ကွက်မှာ ၇ အိမ်၊ ကားလေးဝန်း (ရဲကင်းအနီး) မှာ ၃ အိမ်နဲ့ စွမ်စော်ရပ်ကွက်မှာ ၃ ခန်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တာမိုးညဲပြည်သူ့စစ်ကလည်း သိန်းသန်းချီကားကြီးဝန်းမှာ ၂ ခန်းနဲ့ ကားလေးဝန်းမှာ ၈ အိမ် ဖွင့်လှစ်ထားတာပြီး မန်ပြိန်းပြည်သူ့စစ်ကလည်း ကားလေးဝန်းမှာ ၁ အိမ်နဲ့ မင်္ဂလာမူဆယ်မှာ ၃ အိမ် ဖွင်ထားကာ ကျန်ရှိနေတဲ့ တခြားရပ်ကွက်မှာတော့ ဒေသခံတွေက ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

မန်ပြိန်းပြည်သူ့စစ်က CID စခန်းတာဝန်ခံ ရဲအရာရှိ ဒုရဲမှူး အာကာဖြိုးရဲ့ အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ မင်္ဂလာမူဆယ်က KTV နဲ့ ပြည့်တန်ဆာရုံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း သာဝတ္တိက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦး အသတ်ခံရတဲ့ အမှုမှာလည်း လက်ရှိအချိန်ထိ တရားခံဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှာ မူဆယ်က အဲဒီပြည့်တန်ဆာရုံ‌တွေကို တအာင်းတပ်မတော် TNLA ရဲ့ အမှတ် (၃) ခရိုင်အခွန်ဌာနနဲ့ ဌာနခွဲ (၁) က လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး အပြီးပိတ်သိမ်းဖို့ သတိပေးထားတာ‌ရှိပြီး မပိတ်သိမ်းပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာလို့ ပြောဆိုထားပေမဲ့ အရေးယူမှုဟာ ပြည့်တန်ဆာရုံတို့ရဲ့ ပိုင်ရှင်များနဲ့သာ တိုက်ရိုက်သက်ဆိုင်ကြောင်းကို စာပို့အကြောင်းကြားထားကြောင်း သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။