ဓာတ်ပုံ – Local

မြတ်နိုး၊ မေ ၂၁၊ ဗန်းမော်

KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချလိုက်လို့ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် အနီးမှာ အလောင်း ၁၆ လောင်းနဲ့ သေနတ် ၁၀ လက်ကျော်တွေ့ရှိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“မနေ့ မေလ ၂၀ ရက်နေ့ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချလိုက်တဲ့ Mi – 17 စစ်ရဟတ်ယာဥ် မီးလောင်ပျက်ကျတဲ့ နေရာမှာ အလောင်း ၁၆ လောင်းတွေ့တယ်။ မီးလောင်သွားတဲ့ လက်နက်လည်း ၁၀ လက်ကျော်ရရှိထားတယ်” လို့‌ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ရဟတ်ယာဉ်က KIA တပ်မဟာ ၈၊ တပ်ရင်း ၅ နယ်မြေ၊ ဧရာဝတီမြစ်ရဲ့တဖက်ကမ်း၊ ဗန်းမော်ကနေ ရွှေကူမရောက်ခင်က စီငန်းရွာ အနီးမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးသွားတဲ့သူတွေထဲမှာ ဗျူဟာမှူးနဲ့ လေယာဉ်မှူးတွေ အပါအဝင် စနိုက်ပါ သမားတွေပါပါတယ်လို့ သိရတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အလောင်းတွေထဲမှာ ဘက်တံဆိပ် နာမည် ရာထူးပါ အလောင်းတစ်ဦးသာ တွေ့ရပြီး ကျန်တဲ့ အလောင်း အများစုက မီးလောင် ပြာကျကုန်တယ်လို့ ဆိုပါတယ်။

မနေ့ ‌မေလ ၂၀ ရက်နေ့မှာ ဗန်းမော်ကို စစ်ကူ အင်အားနဲ့ ထောက်ပို့ ပစ္စည်း လာပို့တဲ့ မြစ်ကြီးနား နမ့်ပေါင် လေတပ်တက် Mi – 17 သုံးစီးထဲက နှစ်စီးဟာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပြီး တစ်စီးကတော့ ရွှေကူမြို့နယ်၊ စီငန်းရွာအနီး တောတွင်းတနေရာမှာ မီးလောင်ပျက်ကျခဲ့ပြီး နောက်တစ်စီးကတော့ ရွှေကူ ခလရ – ၅၆ တပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေကူ ခလရ – ၅၆တပ်ထဲမှာ အရေးပေါ် ဆင်းသက်ထားတဲ့ အဲဒီ ရဟတ်ယာဉ်နဲ့ ရဟတ်ယာဉ်ကို အကာအကွယ် ပေးထားတဲ့ သံချပ်ကာ ၂ စီး၊ ထရပ်ကား ၂ စီး စုစုပေါင်း ၄ စီး တို့ကို ဒီနေ့ မေလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ခွဲ ဝန်းကျင်ခန့်က KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက drop bomb ၄ လုံးနဲ့ ပစ်ခတ်ခဲ့လို့ ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဗန်းမော် မြို့နယ် ရှေ့တန်းလုံခြုံရေးစခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာချိန် ဗန်းမော်မြို့ရဲ့ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာသို့ အရောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှု ဖြစ်ပွားကာ မတော်တဆ ပျက်ကျခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။