မြတ်နိုး၊ မေလ ၂၀ ရက်၊ ဗန်းမော်
ဒီနေ့ မေလ ၂၀ ရက်မှာ ဗန်းမော်မြို့ စကခ ၂၁ ဘက် စစ်ကူ လာပို့တဲ့ ရဟတ်ယာဉ် ၃ စီးထဲက ၂ စီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့အထဲက ပျက်စီးလောင်ကျွမ်းသွားတဲ့ Mi-17 ရဲ့ ရုပ်သံဖိုင်ကို ရွှေဖီမြေက လက်ခံရရှိထားပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် စီငန်းရွာ အနောက်ဘက်က တောထဲ တွေ့ရှိခဲ့တာဖြစ်ပြီး ၁ စီးကတော့ ရွှေကူ စစ်တပ်စခန်းမှာ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွဆီက သိရပါတယ်။
“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ မြစ်ကြီးနား နမ့်ပေါင် လေတပ်က Mi-17 ၃ စီး တက်သွားတာ ဟုတ်တယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှာ တစ်စီးပဲ ပြန်ရောက်လာတယ်။ အသိတွေပြောမှ ၂ စီး ပစ်ခံရမှန်းသိတယ်။ အခု မြစ်ကြီးနား နမ့်ပေါင်လေတပ်မှာ Mi-17 နှစ်စီး ရှိသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီရဟတ်ယာဉ် ပျက်ကျမှုမှာ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြောဆိုပေမဲ့ အချက်အလက် အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။