ဓာတ်ပုံ – Local

မြန်နိုး၊ မေ ၂၀၊ ဗန်းမော်

ဗန်းမော်မြို့ စကခ – ၂၁ ဘက်မှာ ဒီနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်က စစ်ကူ လာချစဉ် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ ပစ်ချခြင်းကို ခံရပြီး ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ထဲမှာ လေယာဉ်မှူးအပါ ၇ ဦးထက်မနည်း သေဆုံးကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“လေယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသိန်း၊ တွဲဖက်ကပ္ပတိန် ကောင်းစံသိန်း၊ လေတပ်အင်ဂျင်နီယာ ကပ္ပတိန် စိုးပိုင်ကျော် အပါအဝင် အခြားတပ်သား ၅ ဦး တစ်ယောက်မကျန် အကုန်သေတယ်လို့ သိရတယ်” လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ် တဖက်ကမ်း၊ ဗန်းမော်ရဲ့ အနောက်ဘက် KIA တပ်ရင်း ၅ နယ်မြေမှာ ကျသွားတဲ့ အဲရဟတ်ယာဉ်ဟာ Mi – 17အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။

“ဗန်းမော် စကခ – ၂၁ထဲ အင်အားချဖို့လာတဲ့ စစ်ကောင်စီရဲ့ Mi – 17 ၃ စင်းကို ဒီနေ့ မေလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်ကပစ်ခတ်တာ ၁ စင်းက ထိမှန်ပြီး စင်းခန်း အနီးမှာ ပေါက်ကွဲသွားတယ်။ ၁ စင်းကတော့ ရွှေကူတပ်ထဲ အရေးပေါ် ဆင်းသက်ခဲ့တယ်။ပျံတက်နိုင်မှု မရှိတော့ဘူး” လို့ နောက်ထပ် သတင်းရင်းမြစ် တ‌စ်ဦး က ပြောပါတယ်။

ကျန် ၁ စင်းကတော့ မြစ်ကြီးနား နမ့်ပေါင် ‌စစ်ကောင်စီ လေတပ်မှာ ဆင်းသက်သွား နိုင်ခဲ့ကြောင်း သိရတယ် လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဂျက်လေယာဉ် ၁ စင်းကို ပစ်ချနိုင်ခဲ့ သလို ၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နာဖော့ စစ်တပ်စခန်းကို ရိက္ခာ လာပို့တဲ့ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။