မြတ်နိုး၊ မေ ၂၀၊ ဗန်းမော်
ဗန်းမော်ဘက် အင်အားထပ်ဖြည့်ဖို့ လာတဲ့ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို ဒီနေ့ မေလ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“သုံးစင်းလာတဲ့ထဲက ၂ စီး ကိုထိတာ။ ရဟတ်ယာဉ် မဆင်းခင်လေးမှာ ထိသွားတာ။ တစ်စီးကတော့ ပန်ကာသံတောင်ပြောင်းသွားတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အဲထိမှန်တဲ့ ၂စီးထဲက ၁စင်းဟာ ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
“တစ်စီးက ရွှေကူ ဘက်မှာ အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ ကြားသိရတယ်။ တစ်စီးကတော့ KIA တပ်မဟာ ၈၊ တပ်ရင်း ၆ နယ်မြေ တောဘက်ထဲ ကျသွားတယ်လို့ သိရတယ်။” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲရဟတ်ယာဉ် ၂စင်း ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တာကိုလည်း KIAဘက်က အတည်ပြုပြောဆိုပါတယ်။
“ညနေ ၂ နာရီအချိန်မှာ ရဟတ်ယာဉ်သုံးစင်း ဆင်းသက်တယ်တဲ့။ သုံးစီးဆင်းသက်တဲ့အထဲက ကျွန်တော်တို့ တပ်ပေါင်းစုတွေ ဝိုင်းပစ်လို့ နှစ်စီးထိသွားတယ်။ နှစ်စီးထိသွားတဲ့အထဲက တစ်စီးကတော့ ရွှေကူမှာ ဆင်းသက်နိုင်တယ်လို့ ကြားရတယ်။ နောက်တစ်စင်းကျတော့ ရွှေဘိုရောက်ဖို့ ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာ ပျက်ကျထားတယ်လို့ ကနဦးသိထားရတယ်။ နောက်တစ်စီးကျတော့ မချိလန်ဖက်မှာ ဆင်းသက်သွားတယ်လို့ သိရတယ်”လို့ KIAရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။
အဲ ရဟပ်ယာဉ် ၂စင်းကို တော်လှန်ရေးတပ်တွေဘက်က FN – 6 ပုခုံးထမ်း ဒုံးနဲ့ ပစ်ချနိုင်ခဲ့တာလို့ ပြောဆိုနေပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။