ဓာတ်ပုံ- Google (ပုံဟောင်း)

လွေးထွေး၊ မေလ ၁၉ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ငွေတောင်းတာအပြင် စစ်ဆေးဖမ်းဆီးရိုက်နှက်နေသလို ဖုန်းတွေကိုလည်း သိမ်းဆည်နေကြောင်း ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော်- DSNDA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာငံမြို့နယ် နွားဘန်းကြီးရွာက လူထုတွေဟာ ၂၀၂၅ ခုနှစ် ပထမလကစပြီး မေလအထိ စစ်တပ်ထံ တစ်လကို တစ်အိမ် ၁ သောင်းကျပ် ပုံမှန်ပေးနေရပြီး ပြီးခဲ့တဲ့ မေလ ၄ ရက်ကလည်း ရွာခံတွေရဲ့ဖုန်း အလုံး ၂ ထောင်ကျော်ကို စစ်ဆေးသိမ်းဆည်းပြီး တစ်ပတ်အကြာမှ ပြန်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကိုကျားပျံက “ကျနော်တို့ကတော့ ကျနော်တို့ပြည်သူကိုထိရင် ပိုနာတာပေါ့။ ဒီကောင်တွေက လူလိုပြောလို့လဲ နားလည်မှာ မဟုတ်တဲ့အတွက် သူတို့နဲ့ထိုက်တန်တာပဲ ပြန်ပေးရမှာပေါ့” လို့ ပြောပါတယ်။

ကျေးရွာအတွင်း စစ်ကောင်စီရဲ့ တပ်မ ၅၅ နဲ့ နယ်ခံ ပျူစောထီး၊ ရဲက အခြေချ တပ်စွဲထားတာကြောင့် တပ်အတွင်း လိုအပ်တာ လုပ်ဆောင်ဖို့ကိုလည်း ရွာခံတွေကို နေ့စဉ် ခေါ်ယူကာ လုပ်ဆောင်ခိုင်းတဲ့အပြင် ရွာအတွင်းက ကားတွေကိုလည်း အလှည့်ကျ ယူသုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က ကောက်ခံထားတဲ့ငွေ သိန်း ၈၀ ကျော်ကလည်း စစ်ကြောင်းမှူးက နယ်ပြောင်းသွားတာကြောင့် နွားဘန်းကြီးရွာအပါအဝင် မျှားကလေး၊ အင်တော၊ လယ်ကိုင်းရွာ စတဲ့ကျေးရွာမှာလည်း ငွေကောက်ခံမှု တိုးမြှင့် ကောက်ခံသွားမယ်လို့လည်း စစ်တပ်က ဒေသခံတွေကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း ရွာငံမြို့နယ် ဂွေးပင်နဲ့ တောင်ဦးရွာထဲ စစ်ကြောင်းထိုး ဝင်လာပြီး ရွာခံတွေကို စာသင်ကျောင်းထဲ ခေါ်စုထားချိန် နေအိမ်တွေကို မွှေနှောက်ခဲ့ပြီး ပစ္စည်းနဲ့ ရွှေ ငွေ ခိုးယူသွားတာအပြင် ရွာခံတွေကို ရိုက်နှက်နှိပ်စက်ခဲ့သေးတယ်လို့ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။