ဓာတ်ပုံ- ရှေ့တန်းသတင်းရင်းမြစ်

မြတ်နိုး၊ မေလ ၁၈ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို မနေ့ မေလ ၁၇ ရက်မှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ကပ်မှော် ဘုန်းကြီးကျောင်းမှာ နေရာယူ စခန်းချပြီး ချက်စားနေချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က သွားတိုက်တာ” လို့ ရှေ့တန်း သတင်းရင်းမြစ်တ‌စ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဟာ ရွာခံတွေရဲ့ အိမ်မွေးတိရစ္ဆာန်ကို ကြိုက်သလို သတ်ဖြတ်ချက်စားနေကြတယ်လို့ သူက ပြောပါတယ်။

“KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သွားတိုက်လို့ ကပ်မှော် ဘုန်းကြီးကျောင်းက စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ညနေပိုင်း ခွန်စိုင်ဇွပ်ဘက် ဝင်သွားပြီလို့ သိရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

ဒီနေ့ မေလ ၁၈ ရက် မနက်ပိုင်းမှာတော့ ဖားကန့် တံတားညီနောင်ဘက် တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်လမ်းဘက် မနေ့ မေလ ၁၇ ရက်က လေယာဉ်နဲ့လည်း ဗုံး လာကြဲတယ်လို့ သူက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်က KIA နဲ့ ပူး‌ပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖားကန့်လမ်းကြောင်း ပြန်လည် ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီ လကုန်ပိုင်းကစ ဆက်တိုက် ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။