ဓာတ်ပုံ- Google (ပုံဟောင်း)

ယာရူစိင်၊ မေလ ၁၇ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်‌နေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လာမယ့် မေလ ၂၅ ရက်မှာ ကျောင်းအပ် လက်ခံပြီးတော့ ဇွန်လ ၁ ရက်မှာတော့ ကျောင်းဖွင့်လှစ်သွားမယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်နေတယ်။ ကျောင်းသူကျောင်းသားတွေလည်း ကျောင်းအပ်လို့ရပြီ။ ၂၅ ရက် ကျောင်းအပ်လက်ခံမယ်ပေါ့နော်။ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်မယ်ပေါ့”

စစ်ကောင်စီက စာသင်ကျောင်း ပြန်ဖွင့်ဖို့ လုပ်‌နေပေမဲ့ လားရှိုး မြို့သိမ်း‌တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို သက်ဆိုင်ရာဌာနတွေက လက်ရှိအချိန်ထိ လာရောက် ပြုပြင်ရှင်းလင်းပေးတာ မတွေ့ရဘူးလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“ကျောင်းပြန်လက်ခံ‌မယ်လို့ ပြောနေ‌ပေမဲ့ ကျောင်းတွေမှာ ဘာသန့်ရှင်းရေးမှ မလုပ်ရသေးဘူး။ ကျောင်းအတွင်းက ပစ္စည်းအပျောက်တွေ ရှိသေးတယ်လေ။ အဲဒါတွေကို ဘာတစ်ခုမှ မလုပ်ရသေးဘူး။ အဲဒါကို ကျောင်းပြန်ဖွင့်မယ်ဆိုတော့ အစိုးရကကော ပျက်စီးသွားတဲ့ ကျောင်းတွေကို ဘာလုပ်ပေးမှာလဲပေါ့။ အခုက ဆရာဆရာမတွေ ရောက်လာကြတယ်။ သက်ဆိုင်ရာဌာနတွေက ဘာမှမ‌လုပ်ပေးရင် ဆရာဆရာမတွေဘဲ သန့်ရှင်းရေး လာလုပ်ပေးရမယ့်ပုံစံ ဖြစ်နေတယ်ပေါ့။ လုံခြုံရေးအပိုင်းလည်း ဘာမှမလုပ်ပေးနိုင်သေးဘူးလေ။ လုယက်မှုတွေအပါအဝင် တခြားအမှုတွေလည်း ဆက်တိုက် ဖြစ်နေတာလေ”

လားရှိုးမြို့ပေါ် စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာပြီးနောက် ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

လားရှိုးပြည်သူ့ဆေးရုံနဲ့ စည်ပင်လုပ်ငန်းတချို့ကို စစ်ကောင်စီက လုပ်ဆောင်နေ‌ပေမဲ့ လုံခြုံရေးအပိုင်းကိုတော့ လက်ရှိအချိန်ထိ မလုပ်ဆောင်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ဧပြီ ၂၂ ရက်ကစပြီး ပြန်လည် အုပ်ချုပ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။