ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ PDFအမှတ်(၁)ဗျူဟာက

မိုင်းရူပ၊ မေလ ၁၆ ရက်၊ ဖယ်ခုံ

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့သို့ အင်အား ၆၀၀ ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ကာ ၁၆ ဦးအလင်းဝင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်ကနေ ဒီနေ့ မေလ ၁၆ ရက်အထိ အင်အား ၆၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်-PNO တပ်တွေကို ရှမ်းတောင် ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်အစပ်ရှိ ရေပူ၊ စွန့်စွဲနဲ့ လွယ်လုံကျေးရွာတွေမှာ တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDFအမှတ် (၁)ဗျူဟာ သတင်းပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြော ပါတယ်။

” စကစဘက်က မိုးဗြဲကို ပြန်ထိန်းချုပ်ဖို့ ရေကြောင်း၊ မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်။ လက်ရှိအချိန်အထိတော့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်” လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က ၁ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရကာ သေဆုံးမှုများတဲ့ စစ်ကောင်စီတပ်ဟာ စွန့်စွဲကျေးရွာရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDFအမှတ်(၁)ဗျူဟာက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်း ၃ ကြောင်းအသုံးပြုကာ ထိုးစစ်ဆင်နေပြီး မေလ ၁၄ ရက်မှာလည်း မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးခဲ့ကာ အဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း-၄၂၂ တပ်ကျန်ရှိနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။