မိုင်းပန်ပျော်၊ မေလ ၁၆ ရက်၊ လားရှိုး

တရုတ်အကူအညီနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး‌အဟောင်းတွေကို ခေါ်တွေ့‌ပြီး အစည်းအဝေးလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်က ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ လူတွေကို ခေါ်တွေ့ပြီး အစည်းအဝေး လုပ်ခဲ့တာလို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲမဖြစ်ခင်ကတည်းက လုပ်ငန်းတွေတာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်မြေမှူးတွေ ရာအိမ်မှူးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးပြန်ခေါ်တယ်။ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးလိုင်းတွေ ပြန်လည်ပတ်မယ်လို့တော့ ကြားတယ်”

အခုလို စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး‌အဟောင်းတွေကို ‌ပြန်ခန့်ရင် တပ်သားသစ်တွေ စုဆောင်းလာမှာကို ‌ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်စဉ်က ခန့်အပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ အလုပ်ကနေ ရပ်နားထားကြပြီး စစ်ကောင်စီတပ်ကတော့ သူတို့အုပ်ချုပ်စဉ်ခဲ့စဉ်က တာဝန်ထမ်းဆောင်ခဲ့သူတွေကိုသာ အလုပ်ပြန်လည်ခန့်အပ်မယ့် သဘောရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်မှာ တရုတ်ရဲ့ အကူအညီနဲ့‌ သေနတ်ဖောက်စရာမလိုဘဲ လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အခုထိအုပ်ချုပ်ရေးယန္တရားလုပ်ငန်းအနည်းစုသာ လည်ပတ်နိုင်တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။