ဓာတ်ပုံ – Local

ပို့လဘား၊ မေလ ၁၂ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ သူခိုးနှစ်ဦးကို ဒေသခံတွေက ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ မူဆယ်မြို့ သိန်းသန်းချီ ကားကြီးဝင်းထဲမှာ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ခိုးဖို့ လုပ်နေချိန်မှာ ဒေသခံတွေက ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့နှစ်ယောက်ကို မသင်္ကာလို့ဆိုပြီး သွားကြည့်တယ်။ အဲအချိန်မှာပဲ သူတို့နှစ်‌ယောက် ခိုးဖို့လုပ်နေကြတာ။ အဲအနီးအနားမှာရှိတဲ့ ဈေးရောင်းနေတဲ့သူတွေက ဝိုင်းဝန်းပြီး သူတို့နှစ်ယောက်ကို ဖမ်းထားတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို မှတ်သားလောက်တဲ့အထိ ဝိုင်းရိုက်ကြတာပေါ့။ အခုရဲစခန်းမှာ ပို့လိုက်ပြီ”

အဆိုပါအမျိုးသား ၂ ဦးဟာ ရန်ကုန်မြို့ဒေသခံတွေဖြစ်ကြပြီး မူဆယ်မြို့မှာ အလုပ်လာလုပ်ကြတဲ့သူ‌တွေ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

မူဆယ်မြို့မှာ တစ်ပတ်ကျော်အတွင်း လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းဟာ အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။