ဓာတ်ပုံ – Local

ပို့လဘား၊ မေလ ၁၂ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ သူခိုးနှစ်ဦးကို ဒေသခံတွေက ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ မူဆယ်မြို့ သိန်းသန်းချီ ကားကြီးဝင်းထဲမှာ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ခိုးဖို့ လုပ်နေချိန်မှာ ဒေသခံတွေက ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့နှစ်ယောက်ကို မသင်္ကာလို့ဆိုပြီး သွားကြည့်တယ်။ အဲအချိန်မှာပဲ သူတို့နှစ်‌ယောက် ခိုးဖို့လုပ်နေကြတာ။ အဲအနီးအနားမှာရှိတဲ့ ဈေးရောင်းနေတဲ့သူတွေက ဝိုင်းဝန်းပြီး သူတို့နှစ်ယောက်ကို ဖမ်းထားတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို မှတ်သားလောက်တဲ့အထိ ဝိုင်းရိုက်ကြတာပေါ့။ အခုရဲစခန်းမှာ ပို့လိုက်ပြီ”

အဆိုပါအမျိုးသား ၂ ဦးဟာ ရန်ကုန်မြို့ဒေသခံတွေဖြစ်ကြပြီး မူဆယ်မြို့မှာ အလုပ်လာလုပ်ကြတဲ့သူ‌တွေ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

မူဆယ်မြို့မှာ တစ်ပတ်ကျော်အတွင်း လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းဟာ အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။