ဓာတ်ပုံ- TNLA

ပို့လဘား၊ မေလ ၉ ရက်၊ နောင်ချို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် သရက်ချိုရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

‌မနေ့ မေလ ၈ ရက် မနက် ၉ နာရီမှာ သရက်ချိုရွာမှာ မင်္ဂလာဆောင် ကျင်းပတဲ့နေရာကို စစ်တပ်က လက်နက်ကြီး ၁၆ ကြိမ် ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေး ၁ ယောက်အပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

‌ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲက ၉၀၂ မှာဖြစ်တာ။ သူတို့အဆိပ်ငွေ့ဗုံးတွေရော လာချတာ။ ထိုးလာတာကတော့ အုမ္မသီးဘက်ရောပဲ” လို့ ပြောပါတယ်။

အလားတူ နောင်ချိုမြို့နယ် နောင်လင်းရွာကိုလည်း စစ်တပ်က ဒရုန်းဗုံး ၈ လုံးအပြင် အဆိပ်ငွေ့ဗုံး ၅ လုံးနဲ့ လက်နက်ကြီး ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က တဲခေါ်ရွာကနေ အုမ္မတီးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ အဆိပ်ငွေ့ဗုံး အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ် ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့‌ပေမဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ဒရုန်းအပြင် လေကြောင်းနဲ့လည်း တိုက်ခိုက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။