ဓာတ်ပုံ- TNLA

မိုင်းရူပ၊ မေလ ၆ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်တိုက် အသုံးပြုတိုက်ခိုက်နေပါတယ်။

တိုက်ပွဲဟာ တောင်းခမ်းရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်စခန်းမှာ ဖြစ်ပွားနေပြီး နောင်လင်ရွာမှာတော့ စစ်တပ်က အဆိပ်ငွေ့ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲက ၉၀၂ တပ်မှာ ဖြစ်နေတယ်။ မနေ့ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတယ်။ နောင်လင်မှာတော့ မြေပြင်မှာ တိုက်ပွဲ မရှိဘူး။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာတော့ ရှိတယ်။ မနေ့(မေလ ၅ ရက်) နောင်လင်ရွာမှာ အဆိပ်ငွေ့ဗုံး ၆ လုံး လာကြဲတယ်”

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီး နောင်လင်ရွာကို ရောက်လာတဲ့ စစ်တပ်ဟာ နောင်လင်ရွာ ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းမှာသာ ထိန်းချုပ်နိုင်သေးတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ဖို့ တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲတဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ PSLF/TNLA တို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ်ရေး ဆွေးနွေးခဲ့ပြီးနောက် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ကနေ ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို တအာင်းတပ်က လက်မခံတာကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီးတော့ ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လကတော့ ဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမှု မရမချင်း တိုက်ပွဲ ဆက်ဖြစ်နေမှာဖြစ်ပြီး လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။