မိုင်းပန်ပျော်၊ မေလ ၃ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာက အမျိုးသားတစ်ဦးဟာ နမ့်ဆန်မြို့နယ်ဘက် ရှိနေတဲ့ ဇနီးဖြစ်သူဆီ အလည်သွားရင်း လမ်းမှာ ၁၂ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ အီနိုင်းရွာက ကိုရန့်တီဟာ နမ့်ဆန်မြို့နယ် အထက်မန်ဝဲရွာဘက် သွားရာကနေ လမ်းမှာပျောက်ဆုံးခဲ့ပြီး ဒီနေ့ မေလ ၃ ရက်အထိ အဆက်အသွယ် မရဘူးလို့ ကိုရန့်တီရဲ့ ညီမဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

“သူက ၂၂ ရက်နေ့တုန်း သူ့မိန်းမဆီသွားတာ။ သူ့မိန်းမက အဲဒီနမ့်ဆန်ဖက်က အထက်မန်ဝဲကျေးရွာမှာ နေတယ်။ သူသွားကတည်းက အဆက်အသွယ်လည်း မရဘူး သူ့မိန်းမဆီလည်း မရောက်ဘူး။ တွေ့မိ‌တဲ့လူရှိရင် ပြောပေးပါအုံး”

အီနိုင်းရွာကနေ အထက်မန်ဝဲရွာဘက်သွားတဲ့ လမ်းခရီးဟာ ကား၊ ဆိုင်ကယ်နဲ့ ပုံမှန် ၃ နာရီကျော်သာ မောင်းရပြီး ကိုရန့်တီဟာ ၁၂ ရက်ကြာတဲ့အထိ မိန်းမဖြစ်သူဆီ မရောက်သလို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ‌၎င်းရဲ့ ညီမဖြစ်သူက ပြောပါတယ်။

ကိုရန့်တီဟာ အသက် ၃၄ နှစ်ရှိပြီး လားရှိုးမြို့နယ် အီနိုင်းရွာမှာ နေထိုင်တဲ့ တရုတ်လူမျိုးတစ်ဦး ဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။

ကိုရန့်တီကို တွေ့မိတဲ့သူအနေနဲ့ ညီမဖြစ်သူရဲ့ဖုန်း 09-681 989 513 သို့ ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။