မိုင်းပန်ပျော်၊ မေလ ၃ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာက အမျိုးသားတစ်ဦးဟာ နမ့်ဆန်မြို့နယ်ဘက် ရှိနေတဲ့ ဇနီးဖြစ်သူဆီ အလည်သွားရင်း လမ်းမှာ ၁၂ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ အီနိုင်းရွာက ကိုရန့်တီဟာ နမ့်ဆန်မြို့နယ် အထက်မန်ဝဲရွာဘက် သွားရာကနေ လမ်းမှာပျောက်ဆုံးခဲ့ပြီး ဒီနေ့ မေလ ၃ ရက်အထိ အဆက်အသွယ် မရဘူးလို့ ကိုရန့်တီရဲ့ ညီမဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

“သူက ၂၂ ရက်နေ့တုန်း သူ့မိန်းမဆီသွားတာ။ သူ့မိန်းမက အဲဒီနမ့်ဆန်ဖက်က အထက်မန်ဝဲကျေးရွာမှာ နေတယ်။ သူသွားကတည်းက အဆက်အသွယ်လည်း မရဘူး သူ့မိန်းမဆီလည်း မရောက်ဘူး။ တွေ့မိ‌တဲ့လူရှိရင် ပြောပေးပါအုံး”

အီနိုင်းရွာကနေ အထက်မန်ဝဲရွာဘက်သွားတဲ့ လမ်းခရီးဟာ ကား၊ ဆိုင်ကယ်နဲ့ ပုံမှန် ၃ နာရီကျော်သာ မောင်းရပြီး ကိုရန့်တီဟာ ၁၂ ရက်ကြာတဲ့အထိ မိန်းမဖြစ်သူဆီ မရောက်သလို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ‌၎င်းရဲ့ ညီမဖြစ်သူက ပြောပါတယ်။

ကိုရန့်တီဟာ အသက် ၃၄ နှစ်ရှိပြီး လားရှိုးမြို့နယ် အီနိုင်းရွာမှာ နေထိုင်တဲ့ တရုတ်လူမျိုးတစ်ဦး ဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။

ကိုရန့်တီကို တွေ့မိတဲ့သူအနေနဲ့ ညီမဖြစ်သူရဲ့ဖုန်း 09-681 989 513 သို့ ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။