ပို့လဘား၊ မေလ ၃ ရက်၊ ပင်လောင်း
ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်- PNO တို့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကနေ ၂ နာရီခွဲအထိ စစ်တပ်နဲ့ PNO ဟာ ပင်လောင်းမြို့နယ် နန်းတုတ်နဲ့ ကုန်းသာခေါ် မစွန်ခွမ်ရွာကို လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အင်းလေးဒေသ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက “နန်းတုတ်ရွာကို လက်နက်ကြီး ၂ လုံး ပစ်လာတယ်။ ခန်းမဆောင်တွေ ထိပြီး ပျက်စီးခဲ့တယ်။ လူနေတာတော့ မရှိဘူး။ ကုန်းသာရွာကိုတော့ သူတို့ ၉ လုံး ပစ်လာလို့ နေအိမ်တစ်လုံး ထိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နဲ့ ၆ ရက်ကလည်း ညောင်ရွှေမြို့နယ် ဘုရားတောင်ရွာကို စစ်တပ်နဲ့ PNO က ဒရုန်းနဲ့ ဆက်တိုက် ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။