ရွှေဖီမြေ၊ မေလ ၂ ရက်

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ တရုတ်ပြည် ကူမင်းမှာ ပြုလုပ်တဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ အောင်မြင်မှုမရှိပဲ ပြီးဆုံးသွားခဲ့တယ်လို့ TNLA က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဧပြီ ၂၈ နဲ့ ၂၉ ရက်မှာ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်က လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ မန်တုံမြို့နယ် အတွင်းသို့ ပြန်လည်ဆုတ်ခွါပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ တောင်းဆိုမှုကို TNLA က လက်မခံနိုင်တာကြောင့် ဆွေးနွေးမှုမအောင်မြင်ပဲ လာမယ့်ဩဂုတ်လမှာ နှစ်ဖက်တွေ့ဆုံမှု ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကို TNLA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်နဲ့ စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုပြီး TNLA ထိန်းချုပ်ဒေသမှာ လေကြောင်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးများပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာနဲ့ ထိုးစစ်ဆင်တာ တွေရပ်တန့်ဖို့၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းစေဖို့နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAAကဲ့သို့ တစ်ဆင့်တိုး အပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် နှစ်ဖက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။