ဓာတ်ပုံ – SSPP Info

မိုင်းရူပ၊ ဧပြီ ၂၉ ရက်၊ လားရှိုး

ရှမ်းမြောက် သီပေါမြို့နယ် နမ့်မကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၂၈ ရက်မှာ နမ့်မနဲ့ ကုန်ပေါင်းကျေးရွာရှိ SSPP တပ်တွေကို အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ကိုးကန့်တပ်က တပ်ဆုတ်ပေးဖို့ လာရောက်ညှိနှိုင်းရာကနေ နှစ်ဖက်တပ်တွေ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး SSPP တပ်ဘက် တပ်ဆုတ်ပေးခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာတော့ နမ့်မကျေးရွာထဲ ဝင်လာတဲ့ ကိုးကန့်တပ်ဖွဲ့တွေကို SSPP ဘက်က ပစ်ခတ်ခဲ့ရာကနေ နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“နမ့်မနဲ့ ကုန်ပေါင်းမှာရှိတဲ့ SSPP ဂိတ်ကို ကိုးကန့်တပ်က ရွှေ့ခိုင်းတာ။ SSPP လည်း မရွှေ့ဘူးပေါ့။ ပြောရရင် အဲနေရာဒေသမှာ သူတို့နေလာတာ ကြာပြီ။ မနေ့ညမှာ ကိုးကန့် စစ်သားတွေက အဲဂိတ် ၂ ခုကို လာပြီးတော့ ရှမ်းစစ်သားတွေကို ခြေထောက်နဲ့ကန် ရိုက်ပေါ့ဗျာ။ ရှမ်းစစ်သားတွေက ကြောက်ပြီး ထွက်ပြေးသွားတယ်။ ဒီနေ့ကျတော့ ရှမ်းအဖွဲ့တွေက ကိုးကန့်ကို ပြန်ပစ်တာပေါ့”

ပစ်ခတ်မှုအတွင်း နှစ်ဖက်အထိအခိုက်ရှိနိုင်ပြီး နမ့်မကျေးရွာအနီးတစ်ဝိုက်မှာ အရင်ကတည်းက SSPP တပ်တွေ တပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး SSPP နဲ့ MNDAA တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒေသခံတွေကတော့ ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်မြေအငြင်းပွားမှုတွေကို ဆွေးနွေးရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ တိုက်တွန်းထားကြပါတယ်။

SSPP တပ်နဲ့ MNDAA တပ်ဟာ “ဝ”တပ် UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နယ်မြေအငြင်းပွားမှု မကြာခဏဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။