ဓာတ်ပုံ – SSPP Info

မိုင်းရူပ၊ ဧပြီ ၂၉ ရက်၊ လားရှိုး

ရှမ်းမြောက် သီပေါမြို့နယ် နမ့်မကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၂၈ ရက်မှာ နမ့်မနဲ့ ကုန်ပေါင်းကျေးရွာရှိ SSPP တပ်တွေကို အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ကိုးကန့်တပ်က တပ်ဆုတ်ပေးဖို့ လာရောက်ညှိနှိုင်းရာကနေ နှစ်ဖက်တပ်တွေ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး SSPP တပ်ဘက် တပ်ဆုတ်ပေးခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာတော့ နမ့်မကျေးရွာထဲ ဝင်လာတဲ့ ကိုးကန့်တပ်ဖွဲ့တွေကို SSPP ဘက်က ပစ်ခတ်ခဲ့ရာကနေ နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“နမ့်မနဲ့ ကုန်ပေါင်းမှာရှိတဲ့ SSPP ဂိတ်ကို ကိုးကန့်တပ်က ရွှေ့ခိုင်းတာ။ SSPP လည်း မရွှေ့ဘူးပေါ့။ ပြောရရင် အဲနေရာဒေသမှာ သူတို့နေလာတာ ကြာပြီ။ မနေ့ညမှာ ကိုးကန့် စစ်သားတွေက အဲဂိတ် ၂ ခုကို လာပြီးတော့ ရှမ်းစစ်သားတွေကို ခြေထောက်နဲ့ကန် ရိုက်ပေါ့ဗျာ။ ရှမ်းစစ်သားတွေက ကြောက်ပြီး ထွက်ပြေးသွားတယ်။ ဒီနေ့ကျတော့ ရှမ်းအဖွဲ့တွေက ကိုးကန့်ကို ပြန်ပစ်တာပေါ့”

ပစ်ခတ်မှုအတွင်း နှစ်ဖက်အထိအခိုက်ရှိနိုင်ပြီး နမ့်မကျေးရွာအနီးတစ်ဝိုက်မှာ အရင်ကတည်းက SSPP တပ်တွေ တပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး SSPP နဲ့ MNDAA တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒေသခံတွေကတော့ ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်မြေအငြင်းပွားမှုတွေကို ဆွေးနွေးရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ တိုက်တွန်းထားကြပါတယ်။

SSPP တပ်နဲ့ MNDAA တပ်ဟာ “ဝ”တပ် UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နယ်မြေအငြင်းပွားမှု မကြာခဏဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။