မိုင်းပန်ပျော်၊ ဧပြီလ ၂၈ ရက်၊ နမ္မတူ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းဟုန်းကျေးရွာနဲ့ နားမတ်ကျေးရွာကြားမှာရှိတဲ့ ငါးကန်တစ်ခုထဲကို အသက် ၁၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားငယ်တစ်ဦးက ရေဆင်းကူးရာမှာ ရေနစ်‌ပြီးသေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်မှာ အဲ့ဒီအမျိုးသားငယ်က တရုတ်ကျောင်းကနေ ပြန်လာတဲ့အချိန် မိုင်းဟုန်းနဲ့ နားမတ်ကြားမှာရှိတဲ့ ငါးကန်‌ထဲကို ရေဆင်းကူးပြီး ရေနစ်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ ၄ ယောက်ရှိတယ်။ တရုတ်ကျောင်းကနေပြန်လာတာ နားမတ်နဲ့ မိုင်းဟုန်းကြားက လိုင်ချီးသီးခြံက ငါးကန်ထဲကို ရေဆင်းကူးရင်း သေဆုံးသွားတာ။ သူ့သူငယ်ချင်းတွေပြောတယ် မင်းရေကူးတတ်လား ကူးတတ်တယ်ဆိုပြီးတော့ အဝတ်ချွတ်ပြီးရေထဲခုန်ချပြီး ပျောက်သွားတာ ကျန်တဲ့သုံးယောက်က ရေထဲဆင်းပြီး သူ့ကိုလိုက်ရှာသေးတယ် မတွေ့ဘူး”

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ နမ္မတူမြို့နယ် TNLA ရဲတပ်ဖွဲ့နဲ့ မီးသတ်အဖွဲ့တို့က ရေနစ်ပြီး သေဆုံးခဲ့တဲ့ အမျိုးသားငယ်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာလည်း နမ္မတူချောင်းမှာ အမျိုးသားငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။