ဓာတ်ပုံ – Local

အိုက်ပွီး၊ ဧပြီလ ၂၇ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၂ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီလ ၂၇ ရက်နေ့၊ မနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ကလေးမြို့နယ်တောင်ပိုင်း၊ အောင်ချမ်းသာကျေးရွာနဲ့ ငါးဖားကျေးရွာ အနီးအနားတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

“ဗုံးအလုံးအရေအများပြားနဲ့ ကျေးရွာအနီးအနားဝန်းကျင်မှာ အတွဲလိုက် အဆက်မပြတ် ဗုံးကြဲသွားတာပါ။ အဲမှာ ပြည်သူတစ်ဦးသေတယ်။ ရွာက နွားတွေ ထိခိုက်သေဆုံးတယ်။”လို့ ကလေးမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ဧပြီလ ၂၆ နေ့ညနေကလည်း ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနဲ့ နတ်မြောင်းကျေးရွာတို့ကို ဂျက်ဖိုက်တာ၊ Y12 လေယာဥ်တို့နဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

“လေယာဥ်နှစ်စီးနဲ့ ရွာကို ပတ်ပြီး ဗုံးအလုံးအရေ ၃၀ ကျော်နဲ့ ဗုံးကြဲသွားတယ်။ နတ်ချောင်းရွာက အရပ်သား ထိခိုက်သေဆုံးမှုများတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ ရွာအခြေအနေ အသေးစိတ် မသိရသေးဘူး။ ဒီထက် ထိခိုက်မှုများနိုင်တယ်။”လို့ ကလေးမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့ ကျေးရွာတွေဟာ မြေပြင်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလမှာ အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကလေး-ဂန့်ဂေါ ကားလမ်းက ပျူရွာတွေနဲ့ စခန်းတွေကို ပြန်ရဖို့အတွက် အခုရက်ပိုင်း အင်အားအလုံးရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။