ဓာတ်ပုံ – Local

အိုက်ပွီး၊ ဧပြီလ ၂၇ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၂ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီလ ၂၇ ရက်နေ့၊ မနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ကလေးမြို့နယ်တောင်ပိုင်း၊ အောင်ချမ်းသာကျေးရွာနဲ့ ငါးဖားကျေးရွာ အနီးအနားတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

“ဗုံးအလုံးအရေအများပြားနဲ့ ကျေးရွာအနီးအနားဝန်းကျင်မှာ အတွဲလိုက် အဆက်မပြတ် ဗုံးကြဲသွားတာပါ။ အဲမှာ ပြည်သူတစ်ဦးသေတယ်။ ရွာက နွားတွေ ထိခိုက်သေဆုံးတယ်။”လို့ ကလေးမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ဧပြီလ ၂၆ နေ့ညနေကလည်း ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနဲ့ နတ်မြောင်းကျေးရွာတို့ကို ဂျက်ဖိုက်တာ၊ Y12 လေယာဥ်တို့နဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

“လေယာဥ်နှစ်စီးနဲ့ ရွာကို ပတ်ပြီး ဗုံးအလုံးအရေ ၃၀ ကျော်နဲ့ ဗုံးကြဲသွားတယ်။ နတ်ချောင်းရွာက အရပ်သား ထိခိုက်သေဆုံးမှုများတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ ရွာအခြေအနေ အသေးစိတ် မသိရသေးဘူး။ ဒီထက် ထိခိုက်မှုများနိုင်တယ်။”လို့ ကလေးမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့ ကျေးရွာတွေဟာ မြေပြင်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလမှာ အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကလေး-ဂန့်ဂေါ ကားလမ်းက ပျူရွာတွေနဲ့ စခန်းတွေကို ပြန်ရဖို့အတွက် အခုရက်ပိုင်း အင်အားအလုံးရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။