မိုင်းအရှိုင်း၊ ဧပြီ ၂၇ ရက်၊ မူဆယ်

ညီနောင်မဟာမိတ်(၃)ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ စစ်ယူနီဖောင်းဝတ်ဆင်တဲ့ တရုတ်စကားပြောသူ ၃ ဦးက ကားတစ်စီးကို ဓားပြတိုက်ခဲ့ပြီး အဲဓားပြသူတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက အချိန်မှီ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်ထံသိရပါတယ်။

ဖြစ်စဉ်က မနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်း ၇ နာရီအချိန်မှာ စစ်ယူနီဖောင်းနဲ့ သေနက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးဟာ ၁၀၅ မိုင် နယ်မြေ ၅ ထဲက Honda Fit ကားတစ်စီးကို ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။

“ယူနီဖောင်းက TNLA ပျောက်ကျားပုံစံနဲ့တော့ နည်းနည်းတူတယ်။ ဒါပေမဲ့ ဘက်တံဆိပ်မမြင်ရဘူး။ အပြင်အင်္ကျီတွေလည်း ဝတ်ထားတော့လေ” လို့ ဓားပြတိုက်မှုကြုံရသူတစ်ဦးက ဆိုပါတယ်။

ဓားပြတိုက်သူတွေထဲက တစ်ဦးဟာ ယူနီဖောင်းနဲ့ သေနတ်အရှည်ကိုင်ဆောင်ပြီး ကျန်တစ်ယောက်က အရပ်ဝတ်နဲ့ ပစ္စတို၊ နောက်တစ်ဦးက အရပ်ဝတ်နဲ့ဖြစ်ပြီးသေနတ်တော့ မပါဘူးလို့ သိရပါတယ်။

ဓားပြတိုက်မှုဖြစ်ပြီး ၅ နာရီအကြာမှာ ကားကို ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ AA, TNLA , MNDAA တပ်တို့က ကားကို ပြန်လာအပ်လိုက်တယ်လို့ သူက ဆက်ဆိုပြီး ဓားပြတွေကိုတော့ မဟာမိတ်တပ်တို့က ဖမ်းဆီးထားပါတယ်။

“ဓားပြတိုက်တာကတော့ နယ်မြေ ၅မှာဖြစ်တယ်။ ဓားပြတွေက ယူနီဖောင်းနဲ့တစ်ယောက်ပါတယ်။ သူတို့က တရုတ်စကားပြောတဲ့သူတွေဖြစ်တယ်” လို့ အမည်မဖော်လိုတဲ့ နောက်ထပ်သတင်းရင်းမြစ်ထံသိရပါတယ်။

၁၀၅ မိုင်ကို တအာင်းတပ်မတော်- TNLA ၊ ရက္ခိုင့်တပ်တော်- AA နှင့် ကိုးကန့်တပ်-MNDAAတို့ ပူးတွဲ ထိန်းချုပ်ထားတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။