ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဧပြီ ၂၆ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ၎င်းရဲ့ စည်ပင်လုပ်ငန်းတွေ မလည်ပတ်နိုင်သေးတာကြောင့် အမှိုက်တွေ မသိမ်းနိုင်သေးဘဲ လမ်းဘေးတွေမှာ စုပုံနေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့တွင်းကို ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေအပါအဝင် လူထုဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်မစနိုင်သေးဘဲ ၎င်းတို့ တပ်စွဲမယ့်နေရာတွေကိုသာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“လမ်းမှာ အမိုက်တွေပုံလို့။ လောလောဆယ် သူတို့နေတဲ့နေရာတောင် သန့်ရှင်းရေးလုပ်လို့ မပြီးသေးဘူး။ ခိုးဆိုးလုနိုက် မင်းမဲ့စရိုက်ဆန်ဆန်တွေ ခပ်စိတ်စိတ် တွေ့လာတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် မြို့တွင်းမှာ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ မပေးနိုင်သေးတာကြောင့် လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ခပ်စိတ်စိတ် ပြန်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမှာ လာမယ့်မေလထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်မယ်လို့ ဒေသခံတွေပြောပြီး စစ်ကောင်စီတပ်ဘက်ကတော့ လားရှိုးအခြေအနေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က နောက်ဆုံးထား ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီး ၈ လကျော်အကြာမှာ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။