ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်၊ ရွာငံ

ရှမ်းတောင် ရွာငံမြို့နယ်မှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF ရဲ့ ဧပြီ ၂၄ ရက်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၆ ရက် မနက်အစောပိုင်းမှာ မျက်ခါးအင်းရွာဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၅၅) တပ်သား ၆ ဦးက မျက်ခါးအင်းရွာ မရောက်ခင် တောထဲ စစ်ရှောင်နေတဲ့ အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ် ရွာခံအမျိုးသမီး ၃ ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီ တပ်မ(၅၅) တပ်သားက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ၂၃ နှစ်အရွယ် မမိုးမိုးကို ရွာငံရဲစခန်းသို့ ဖမ်းဆီးသွားပြီး သူမကို နည်းမျိုးစုံနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တဲ့အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ်နဲ့ ထိုးသွင်းတာ၊ ရင်သားတွေကို ခါးပတ်နဲ့ ရိုက်နှက်ခဲ့ကြောင်း မမိုးမိုးနဲ့အတူ ဖမ်းဆီးခဲ့ရပြီး ပြန်လွှတ်လာတဲ့ အမျိုးသမီရဲ့ ပြောကြားချက်အရ သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် မတ်လကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦး သေဆုံးခဲ့တယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ရွာငံနဲ့ သာစည်မြို့နယ်မှာ စစ်တပ်ရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၅ လုံး၊ တဲ ၇ လုံး၊ ဆိုင်ခန်း ၁ ခန်း၊ ဆိုင်ကယ် ၂ စီးနဲ့ လယ်ယာသုံးပစ္စည်း မီးလောင်ပျက်စီးခဲ့ပြီး နေအိမ် ၂၀ ကျော်၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဆိုင်ခန်းတစ်ခန်း ဖောက်ထွင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွာငံနဲ့ ရပ်စောက်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။