မိုင်းရူပ၊ ဧပြီ ၂၄ ရက်၊ လောက်ကိုင်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့နယ်မှာ နေထိုင်ကြသူတွေထဲက ဒေသခံမဟုတ်သူတွေ နေထိုင်ခွင့်ကဒ် ပြုလုပ်ရမယ်လို့ MNDAA က မနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

တခြားဒေသကနေ ကိုးကန့်ဒေသထဲ ရွှေ့ပြောင်းနေထိုင်လိုသူ၊ စီးပွားရေးသမားနဲ့ အခြေခံ အလုပ် လုပ်ကိုင်လိုသူအနေနဲ့ နေထိုင်ခွင့်ကဒ် ပြုလုပ်ရမယ်လို့ MNDAA က ဆိုပါတယ်။

“ဗမာလူမျိုးတွေကိုပဲ တင်းကြပ်တာ မဟုတ်ဘူးဗျ။ နေထိုင်ခွင့်ကဒ် မရှိရင် သက်ဆိုင်ရာဒေသကို ပြန်ပို့တာ။ ကဒ်လုပ်ခိုင်းတယ်။ ကဒ်မလုပ်ရင် ပြန်ပို့တာမျိုးရှိတယ်” လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒေသခံတွေကတော့ ကိုးကန့်ဒေထဲ ဝင်ရောက်လာသူတွေထဲမှာမှ ဗမာလူမျိုးကို ပိုတင်းကြပ်ပြီး ကိုးကန့်ဒေသအတွင်း ဝင်လာသူကို ကွမ်းလုံကြိုးတံတား၊ ဝဒေသနဲ့ ကိုးကန့်ဒေသနယ်စပ်ရှိ ဖောင်ဆိပ်တံတားမှာ ကိုးကန့်တပ်က စစ်ဆေးပြီး ဖမ်းဆီးတာ ရှိနေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“လားရိူးကနေလာရင် ကွမ်းလုံကြိုးတံတားမှာ စစ်တာ။ ဝဘက်ကနေလာရင် ဖောင်ဆိပ်တံတားမှာ စစ်တာ။ အလုပ်ရုံတွေမှာလည်း ဝင်စစ်ပါတယ်။ တခြားတိုင်းရင်းသားဖြစ်နေလဲ (ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်)မှတ်ပုံတင် ဖြစ်နေမှ ဝင်လို့ရတာ” ဆိုပြီး လောက်ကိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေထိုင်ခွင့်ကဒ် ပြုလုပ်လိုသူတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုနဲ့ ထောက်ခံပေးမယ့်သူ လိုအပ်ပြီး လောက်ကိုင်မြို့ တုန်ချိန်ရဲစခန်းမှာ အသေးစိတ် စုံစမ်းနိုင်တယ်လို့ ကိုးကန့်တပ်က အသိပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဖော်ဆောင်ပြီးနောက် MNDAA က ကိုးကန့်ဒေသထဲ ဗမာလူမျိုး ဝင်ရောက်ခွင့် တင်းကြပ်ခဲ့ဖူးပြီး ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ် ဆုတ်ခွာသွားပြီးနောက်မှာလည်း ကိုးကန့်ဒေသထဲ ဝင်ရောက်ခွင့် ပြန်လည် တင်းကြပ်လာတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။