ဓာတ်ပုံ- DPLA

မိုင်းရူပ၊ ဧပြီ ၂၃ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA အကြား တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကနေ ဧပြီ တတိယပတ်အထိ ၁ လအတွင်း တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ကာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ DPLA ထံ အလင်းဝင်ခဲ့တယ်လို့ DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျောက်ဂူဒေသမှာ DPLA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မနေ့ ဧပြီ ၂၂ ရက်အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“တစ်လအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၂၀ ထက်မနည်း ရှိတယ်။ ဧပြီ ၂၁ ရက်မှာလည်း တောင်းခမ်းကိုလာတဲ့ ကားတန်းကို ဖြတ်တိုက်ရင်း တိုက်ပွဲ ဖြစ်နေတာ။ စစ်မှုထမ်းဥပဒေနဲ့ အခေါ်ခံရတဲ့ စစ်ကောင်စီတပ်တပ်ဖွဲ့ဝင် ၃ ဦး လက်နက် ထားခဲ့ပြီး ကျနော်တို့ဆီ အလင်းဝင်လာ တာ ရှိတယ်” လို့ DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက်-ကျောက်ဂူလမ်းဟာ တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းရွာဘက် စစ်တပ်က စစ်အင်အား အဓိက ဖြည့်တင်းနေတဲ့လမ်းကြောင်း ဖြစ်တယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ် တည်ရှိရာ တောင်းခမ်းမှာ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ TNLA၊ DPLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။