ဓာတ်ပုံ- Local

မိုင်းအရှိုင်း၊ ဧပြီ ၂၃ ရက်၊ ရွှေဖီမြေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ဒေသမှာ ဗမာလူမျိုး ဝင်ရောက်လာမှုကို တင်းကြပ်ပြီး ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့မြို့တွေမှာရှိတဲ့ ဗမာလူမျိုးတချို့ကို လားရှိုးဘက် ပြန်ပို့နေပါတယ်။

“ချင်းရွှေဟော်မှာ အလုပ်ရုံအထိ ဝင်ဖမ်းနေပြီ။ လမ်းဘေးမှာ တွေ့လည်း အကုန် ကားပေါ်ဆွဲတင်ပြီး လားရှိုးဘက် ပြန်ပို့ပါတယ်”

ကိုးကန့်ဒေသထဲ ဝင်လာရင် တရုတ်စာပါတဲ့ “ဝ”တိုင်းရုံး ထောက်ခံစာ သို့မဟုတ် တရုတ်အလုပ်ရှင် သူဌေးတွေရဲ့ ထောက်ခံချက် လိုအပ်ပြီး မူလကတည်းက ကိုးကန့်ဒေသတွင်း နေထိုင်ကြတဲ့ ဗမာလူမျိုးတွေဆိုရင် နေထိုင်ခွင့် ပြန်လုပ်လို့ရကြောင်း ကွမ်းလုံဒေသခံ အမျိုးသမီးတစ်ဦးက ရှင်းပြပါတယ်။

“နေထိုင်ခွင့်အသစ် ပြန်မလုပ်ရင် မြို့ထဲ လုံးဝ ပြန်ဝင်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်”

ကိုးကန့်ဒေသထဲ ဗမာလူမျိုး ဝင်ရောက်လာမှုကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းကလည်း တင်းကြပ်တာ ရှိခဲ့ပြီး လားရှိုးမြို့ သိမ်းပိုက်ပြီးနောက်မှာတော့ ဗမာလူမျိုး ဝင်ရောက်မှုကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။

လားရှိုးမြိုကို စစ်ကောင်စီထံ ပြန်ပေးလိုက်ရတဲ့ ဧပြီ ၂၁ ရက်ကစပြီး အခုလို ပြန်လည် တင်းကြပ်လာတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။