ဓာတ်ပုံ- KN

ယာရူစိင်၊ ဧပြီ ၂၃ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ပေါ် စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် စာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦး ဓားပြတိုက် လုယက်ခံခဲ့ရပါတယ်။

ဒီနေ့ ဧပြီ ၂၃ ရက် မနက် ၈ နာရီမှာ ပါရမီလမ်းသွယ် ထင်းရှုးမြိုင်သို့သွားတဲ့ လမ်းခုလတ်တစ်နေရာမှာ အမျိုးသမီးငယ်တစ်ဦး စာသင်ပြီး အပြန်လမ်းမှာ အမျိုးသား ၂ ဦးက ဖုန်း လုခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကလေးမရဲ့ဖုန်းကို လုတာ‌ ဘာမှတော့ မပါသွားဘူး။ ဖုန်းလုတဲ့အချိန်မှာ ကလေးမက ဖုန်းကို လမ်းဘေးတစ်နေရာမှာ ပစ်လိုက်တာပေါ့။ အဲဒါနဲ့ပဲ ဓားပြတွေက သူ့ကို ဓားနဲ့ခုတ်လိုက်တာ။ ကျနော်တို့ ကလေးမအနား ရောက်တဲ့အချိန်မှာ သွေးတွေပဲ”

အဲဒီအမျိုးသား ၂ ဦးဟာ ဖုန်းလုရင်း အမျိုးသမီးငယ်ရဲ့ လည်ပင်းကို ဓားနဲ့ခုတ်ဖို့ လုပ်နေချိန်မှာ အမျိုးသမီးငယ်ဟာ လက်နဲ့ ကာလိုက်တာကြောင့် လက်မှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ကျနော်က မူဆယ်မြို့လိုဖြစ်မှာကြောက်တာ။ လူသတ်မှုဖြစ်လည်း အမှုမပေါ်မှာကို စိုးရိမ်ရတယ်။ လုံးခြုံရေးပိုင်းလည်း ဘယ်လိုလာမလဲတော့ မသိဘူး။ စစ်တပ်က ဝင်လာပြီးကတည်း မလုံခြုံတော့သလို ခံစားလာရတယ်။ လေကြောင်း တိုက်ခိုက်တာ မရှိတော့ပေမဲ့ လုံခြုံမှုအပိုင်းတော့ မသေချာဘူးပေါ့” လို့ လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့‌မှာ စစ်တပ်က ဝင်ရောက်လာပြီ ဖြစ်တာကြောင့် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှု ဖြစ်ပွားလာမှာ စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရော ကိုးကန့်တပ်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိတာကြောင့် လူထုတွေကြား စိုးရိမ်မှု မြှင့်တက်နေပါတယ်။

လားရှိုးမြို့ကို စစ်တပ်က ပြန်မတိုက်ယူနိုင်ပေမဲ့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်လည် အုပ်ချုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။