ဓာတ်ပုံ- TNLA (ပုံဟောင်း)

မိုင်းရူပ၊ ဧပြီ ၂၁ ရက်၊ နောင်ချို

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တိုက်ပွဲမှာ အဆိပ်ငွေ့ဗုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၁ ရက် မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီအထိ နောင်ချိုမြို့နယ် အုမ္မတီးရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒရုန်းအသုံးပြုပြီး အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အဆိပ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်တာကြောင့် TNLA တပ်ဖွဲ့ဝင်တချို့ မူးဝေတာနဲ့ အော့အန်တာတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံး ၁၁ လုံး လာကြဲတာ။ အဲထဲမှာ အဆိပ်ငွေ့ဗုံး ၅ လုံးပါတယ်။ TNLA တပ်ဖွဲ့ဝင်တွေ မူးတာ၊ အော့အန်တာတော့ ရှိတယ်”

စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးတစ်ဝိုက်မှာလည်း စစ်တပ်ဘက်က အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း တောင်းခမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်တပ်ဟာ မနက်ဖြန် ဧပြီ ၂၂ ရက်အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာ၊ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

စစ်တပ်ဘက်ကတော့ အဆိပ်ငွေ့ဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။