ဓာတ်ပုံ- Local

အိုက်ပွီး၊ ဧပြီ ၂၁ ရက်၊ တွန်းဇံ

ချင်းလဲန်းကောင်စီ- CC ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့- ZRA က စစ်ကောင်စီထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော်- CNA က ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၁ ရက် မနက်မှာ CNF/CNA၊ CDF-KKG တို့ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ CNA ပြောခွင့်ရ ဆလိုင်း ထက်နီက ချင်းပြည်နယ် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားတာပဲ ဖြစ်ပါတယ်။

“မကြာသေးခင်ကဘဲ စစ်ကောင်စီရဲ့ ပံ့ပိုးမှုနဲ့ လက်နက်သော်လည်းကောင်း၊ ဒရုန်းနဲ့ သော်လည်းကောင်း၊ ကျည်ဆံသော်လည်းကောင်း အတွင်းသတင်း ရရှိထားတာ ရှိပါတယ်” လို့ CNA ပြောခွင့်ရ ဆလိုင်း ထက်နီက ပြောပါတယ်။

မနေ့ ဧပြီ ၂၀ ရက် မနက်ပိုင်းက ZRA တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်ဟာ တွန်းဇံမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်ဖက်အပြန်အလှန် တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ CNA ပြောခွင့်ရ ဆလိုင်း ထက်နီက ပြောပါတယ်။

“တွန်းဇံမြို့ပေါ်နဲ့ တွန်းဇံနယ်ထဲမှာ အခုတိုက်ပွဲက တစ်​ကျော့ပြန် တိုက်ပွဲလို့ ပြောလို့ရပါတယ်။ မနေ့က ၂၀ ရက်နေ့ ZRA က အင်အား အလုံးအရင်းနဲ့ တွန်းဇံမြို့ထဲကို တက်လာတယ်။ အဲဒါကို ကျနော်တို့နေတဲ့ နေရာတွေကို သူတို့က ပစ်ခတ်မှု လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့က တုန့်ပြန်တယ်။ မနေ့ကပဲ သူတို့အားလုံး တွန်းဇံမြို့ထဲကနေ ပြန်ဆုတ်ပါတယ်”

အဲဒီပစ်ခတ်မှုမှာ ZRA ဘက်က ၄ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တွန်းဇံမြို့က ZRA တပ်ဖွဲ့ဟာ ကျီးခါးမြို့ဘက်ခြမ်းကို ပြန်လည် ဆုတ်ခွာသွားတာဖြစ်ပြီး အပြီးတိုင် ဆုတ်ခွာသွားခြင်း မဟုတ်တာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ CNA ပြောခွင့်ရ ဆလိုင်း ထက်နီက ပြောပါတယ်။

ဒါ့အပြင် ZRA တပ်ဖွဲ့ဟာ တွန်းဇံမြို့ကို ထိုးစစ်ဆင်ဖို့ အိန္ဒိယနိုင်ငံ မဏိပူရ်ဘက်ခြမ်းက အင်အားအများစုနဲ့ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

“သူတို့အနေအထားကို ကြည့်လိုက်ရင် မဏိပူရ်ကနေ တက်လာတာတွေ ရှိသလို အဲဒီဒေသဘက် နဂိုရှိပြီးသားတွေလည်း ရှိမှာပေါ့နော်” လို့ CNA ပြောခွင့်ရ ဆလိုင်း ထက်နီက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း ZRA တပ်ဖွဲ့ဟာ တွန်းဇံမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် CC တပ်ဖွဲ့နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။