စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ZRA စခန်းကို CDF တွန်းဇံက တိုက်ခိုက်သိမ်းပိုက်

အလင်း၊ သြဂုတ် ၃၁ ရက်၊ တွန်းဇံ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်- ZRA ရဲ့ ချင်းပြည်နယ် တွန်းဇံမြို့အနီး…

တွန်းဇံမှာ ZRA တပ်ဖွဲ့က အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဇွန်လ ၂၉ ရက်က စစ်ဘေးရှောင် အရပ်သားတစ်ဦးကို ဇိုမီးတော်လှန်ရေးတပ်- ZRA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

CC သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ကို ZRA က စစ်ကောင်စီ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ တိုက်ခိုက်နေတယ်လို့ CNA ပြော

ချင်းလဲန်းကောင်စီ- CC ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့- ZRA က စစ်ကောင်စီထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော်- CNA က ပြောပါတယ်။

တွန်းဇံမြို့က CC တပ်စခန်းတွေကို ZRA ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာရှိတဲ့ ချင်းလဲန်းကောင်စီ- CC တပ်စခန်းတွေကို ဇိုမီးတော်လှန်ရေးတပ်- ZRA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။