အိုက်ပွီး၊ ဧပြီ ၁၆ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကျန်ပစ္စည်း ပေါက်ကွဲလို့ အသက် ၅ နှစ်အောက် ညီအစ်ကို ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဧပြီ ၁၆ ရက် မနက်ပိုင်းက တောင်ဖီလာရပ်ကွက်ထဲ စစ်ကောင်စီ တပ်စွဲထားတဲ့ နေပြည်တော်ဝန်ထမ်းအိမ်ရာအနီး ခြံထဲမှာ ညီအစ်ကိုနှစ်ဦး ဆော့ကစားနေစဉ် စစ်ကျန်ပစ္စည်း ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

“အာဏာသိမ်းပြီး နေပြည်တော်ဝန်ထမ်းအိမ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတယ်။ ပြီးတော့ အနီးအနား ဘေးပတ်လည်မှာ မိုင်းတွေ ထောင်ထားတယ်။ ဒီနေ့ ပေါက်ကွဲတာလည်း သူတို့မိုင်းလည်း ဖြစ်နိုင်သလို ဒရုန်းဗုံးသီးလည်း ဖြစ်နိုင်တယ်။ ကလေးနှစ်ယောက်ကတော့ အဲနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်” လို့ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ချက်ချင်း ရောက်လာကာ ကလေးနှစ်ဦးရဲ့ အလောင်းကို စစ်ဆေးဖို့ ယူသွားသလို ကလေးဖခင်ကိုလည်း ခေါ်သွားပြီး နေ့လယ်မှာ ကလေးအလောင်းကို ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်းတော့ အလောင်းကို စကစက စစ်ဆေးဖို့ ယူသွားပါတယ်။ ကလေးအဖေကိုလည်း ခေါ်သွားတယ်။ နေ့လယ်လောက်မှ ကလေးအလောင်းတွေ ပြန်ပေးတယ်။ သူ့အဖေလည်း ပြန်ရောက်ပါပြီ။ ကလေးအမေဆို စိတ်မကောင်းလို့ သတိတောင်လစ်တယ်။ အလောင်းကို မနက်ဖြန် သူတို့ရွာမှာ သဂြိုလ်မယ်ပြောတယ်” လို့ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅ နှစ်အရွယ် Tg Gin Lam Sang နဲ့ ညီဖြစ်သူ ၃ နှစ်အရွယ် Tg Tuan Sian Hon ဖြစ်ပြီး ကလေးမြို့နယ် ပြည်တော်သာကျေးရွာကနေ မြို့ပေါ် စစ်ဘေးရှောင်လာကြတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။