ဓာတ်ပုံ- ABSDF Column 3

ရွှေဖီမြေ၊ ဧပြီ ၁၆ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်လာပါတယ်။

CDF-KKG Major Operation ကို ၂ဝ၂၅ ဖေဖော်ဝါရီလအတွင်း ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီရဲ့ ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)စခန်းနဲ့ ပျူစောထီး စိုးမိုးတဲ့ ကြံသာရွာကို ၂ လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က မနေ့ ဧပြီ ၁၅ ရက် ည ၇ နာရီကျော်မှာ ထုတ်ပြန်လာပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းမှတ်တမ်းပုံကို ကျောင်းသားတပ်မတော်- ABSDF ရဲ့ စစ်ကြောင်း ၃ ကလည်း ပြန်လည် ထုတ်ပြန်လာပြီး စစ်ဆင်ရေးကို ချင်းတပ်မတော်- CNA က ကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။

၂ လခန့်ကြာ စစ်ဆင်ရေးအတွင်း ABSDF ရဲ့ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရကာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးတော့ ၄ဝ ကျော် ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။