မိုင်းရူပ၊ ဧပြီ ၁၃ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးဝန်းကျင်မှာ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၁၂ ရက်မှာ စစ်တပ်ရဲ့ ထိုးစစ်ဟာ နောင်ချိုမြို့နယ် မဲပုတ်ရွာအထိ ရောက်လာပြီး မဲပုတ်ရွာထဲ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက ထိုးစစ် လုပ်နေတာ။ မနေ့ညအထိ မဲပုတ်ရွာထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ အနီးမှာလည်း စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မှာတော့ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၄ ဦးဟာ စခန်းစွန့်ခွာပြီး ထွက်ပြေးနေစဉ် TNLA က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မဲပုတ်ရွာကို စစ်တပ်က မနေ့ ဧပြီ ၁၂ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝါဒဖြန့် ရေးသားဖော်ပြနေကြပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလတစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်တပ်ကလည်း ဧပြီ ၂ ရက်ကနေ ၂၂ ရက်ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။