ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဧပြီ ၁၂ ရက်၊ ဒီပဲယင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင် ၃ ပါးအပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့နယ် ကျခတ်ရွာ ဘုန်းကြီးကျောင်းကို မြေပြင်တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ရွာဘုန်းကြီးကျောင်းမှာ တရားပွဲ ရှိတယ်။ ခါကြီးရက်ကြီး သင်္ကြန်ကာလအတွင်းဆိုတော့ တရားပွဲ လုပ်ကြတယ်။ တိုက်ပွဲ မရှိဘူး။ ကျန်တာ ဘာမှမရှိဘူး။ အဲတရားပွဲမှာ လေကြောင်း တိုက်ခိုက်သွားတာပါ။ တရားပွဲတောင် မချန်ပဲ တော်တော်ယုတ်မာတဲ့ စစ်တပ်ပဲ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်လို့ ကိုရင် ၃ ပါး၊ ဘုန်းကြီးကျောင်းသား ၁ ဦး၊ ကပ္ပိယ ၁ ဦးနဲ့ ‌အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅ ဦးထက်မနည်း ဒဏ်ရာ ရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသူနှစ်ဦးလည်း ရှိတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ သင်္ကြန်ကာလအတွင်းမှာလည်း လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာနိုင်တာကြောင့် လူထုတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ဖို့နဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်ဖို့ တိုက်တွန်းထားပါတယ်။

“စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေသေးတယ်။ ဝန်းသို၊ ကောလင်းနယ်တွေမှာဆို နေ့တိုင်းလိုလို လေကြောင်း တိုက်ခိုက်တယ်။ အဲဒါကြောင့် သင်္ကြန်ကာလအတွင်းလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ရပ်မှာမဟုတ်ဘူး။ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေနိုင်သေးတယ်။ ပြည်သူတွေအနေနဲ့ လူစုလူဝေး၊ ပွဲလမ်းသဘင်တွေလုပ်တာ ဂရုစိုက်စေချင်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်(ဒီပဲယင်း)ရဲ့ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က ငလျင်အရေးပေါ် ကြေညာထားတဲ့ ကာလမှာလည်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ တိုက်ပွဲမရှိပေမဲ့ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။