ဓာတ်ပုံ- Local

မိုင်းရူပ၊ ဧပြီ ၁၀ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ကိုးကန့်တပ်မတော်- MNDAA က လူမြင်ကွင်းရှေ့မှာ အမိန့်ချနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၀ ရက် လားရှိုးမြို့ မန်ဆူကျောင်းနောက်ရှိ ကိုးကန့်ပါတီရုံးမှာ အမိန့်ချတာဖြစ်ပြီး ပြစ်ဒဏ် ပေးခံရတဲ့အထဲမှာ လူသတ်မှု၊ ဓားပြတိုက်၊ မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“မုဒိမ်းမှု၊ ဓားပြ၊ လုယက်၊ လူသတ်မှု၊ မူးယစ်သုံးစွဲ လူသတ်မှုတွေပါ။ သေဒဏ် ပါသလို နှစ်ရှည်ထောင်ဒဏ်လည်း ပါတယ်” လို့ MNDAA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြစ်ဒဏ် ချမှတ်ခံရသူတွေရဲ့ အရေအတွက်နဲ့ ချမှတ်တဲ့ ပြစ်ဒဏ် အတိအကျကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ပြီးနောက် လားရှိုးမြို့ပေါ် လူမြင်ကွင်းရှေ့မှာ ပြစ်မှု ကျူးလွန်သူတွေကို ပထဆုံးအကြိမ် စီရင်ချက်ချတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုးကန့်တပ်ရဲ့ သေဒဏ် ပေးမှုအပေါ် သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ​ပြစ်မှုဖြစ်ကြောင်း ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက် နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာဖြစ်ကြောင်း သတင်းတွေ ထွက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။