ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၉ ရက်

ကချင်တပ်မတော်- KIO/KIA နဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့အကြား ဆွေးနွေးနိုင်ဖို့ ရှေ့ပြေး ညှိနှိုင်းမှုတွေ စတင်နေပြီလို့ KIO ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ အသိပေးလာပါတယ်။

KIO နဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ညှိနှိုင်းမှု စတင်နေပြီး သက်ဆိုင်ရာ ဒေသတွင်းရှိ လူထုတွေ နားလည်ကူညီပေးဖို့၊ အွန်လိုင်း သုံးစွဲသူတွေ၊ မီဒီယာတွေ၊ အကြံပေး ထောက်ပြလိုသူတွေဆီကနေလည်း အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှု မျှော်လင့်တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

ဆွေးနွေးပွဲအတွက် ညှိနှိုင်းမှု စတင်နေပြီလို့သာ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဖော်ပြထားပြီး ဘယ်အချိန်မှာ စတင်ဆွေးနွေးမယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

KIA နဲ့ TNLA အကြား ဆွေးနွေးမယ့်အခြေအနေနဲ့ ပတ်သက်ပြီး တအာင်းတပ်ရဲ့ သဘောထားကို သိနိုင်ဖို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာ၊ မန်တုံနဲ့ ကွတ်ခိုင်မြို့နယ်မှာ KIA နဲ့ TNLA အောက်ခြေတပ်သားအချင်းချင်း ပွတ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာလည်း ကွတ်ခိုင်မြို့ထဲ KIA ဘက်က ဝင်ရောက်ရာကနေ နှစ်ဖက်တပ် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့ရှိ KIA ရဲ့ ဆက်ဆံရေးရုံးကို TNLA က ဝင်ရောက် စီးနင်းခဲ့ရာ နှစ်ဖက်တပ်အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းမြောက်ရဲ့ နယ်မြေ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ငြိမ်းချမ်းစွာ အတူတကွ ယှဥ်တွဲနေထိုင်ရေးလမ်းစဥ်ကို ကျင့်သုံးသင့်ကြောင်း KIA နဲ့ TNLA အကြား အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ဥပဒေအထောက်အကူပြုကွန်ယက်က ဒီနေ့မှာ ထုတ်ပြန်တဲ့ အကြုံပြုတိုက်တွန်းချက်မှာ ဖော်ပြထားပါတယ်။

TNLA နဲ့ KIA ဟာ မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့အပြင် “ဝ”တပ်- UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။