ဓာတ်ပုံ- Local

ယာရူစိင်၊ ဧပြီ ၉ ရက်၊ လားရှိုး

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ရင် ဗလီ‌ကျောင်းတွေ ထပ်ပိတ်သိမ်းခံရမှာကို အစ္စလာမ်ဘာသာဝင်တွေ စိုးရိမ်နေကြပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဘာသာရေးအရေးအခင်း ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံ မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့)က လားရှိုးမြို့ရှိ ဗလီတချို့ကို ဖွင့်ခွင့် မပေးတော့ဘဲ ပိတ်ခဲ့ရပြီးနောက် ကိုးကန့်တပ် ပြန်လည် ရောက်ရှိမှသာ ဖွင့်ခွင့် ပြန်ရခဲ့တာ ဖြစ်ပါတယ်။

“အရေးအခင်းကြီး ဖြစ်ပြီးတဲ့အချိန်မှာ မဘသနဲ့ စကစတို့က တချို့‌ဗလီတွေ စာသင်ကျောင်းတွေကို ဖွင့်ခွင့် မပေးတော့ဘူး။ ခွင့်ပြုမိန့်တွေ အဆင့်ဆင့် တောင်းခံလာခဲ့ရတယ်။ အဲလို တောင်းလာတာက နှစ်ချီတယ်။ မြို့သိမ်းတိုက်ပွဲ မဖြစ်ခင် အချိန်ထိဘဲ။ အခု စကစ ပြန်လာရင် ဘာသာရေးကို ထပ်ပြီး ကန့်သတ်အုံးမယ် ပြီးရင် ပြန်ပိတ်ခိုင်းမှာဘဲ” လို့ လားရှိုးမြို့မှ အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုး မြို့သိမ်းတိုက်ပွဲ ပြီးတဲ့နောက်မှာ ပိတ်ထားရတဲ့ ဗလီကျောင်းတွေမှာ သန့်ရှင်းရေးလုပ်ခွင့် ရခဲ့သလို မြို့ထဲက အစ္စလာမ် ဘာသာဝင်တွေကို ကိုးကန့်တပ်က လူမျိုး ခွဲခြားဆက်ဆံတာလည်း မရှိဘူးလို့ နောက်ထပ် လားရှိုးမြို့မှ အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောပါတယ်။

“ကိုးကန့်တပ်က ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာ ‌ဗလီ‌တွေကို လွတ်လွတ်လပ်လပ်နဲ့ ဖွင့်ခွင့်ပေးပါတယ်။ တန်းတူ ဆက်ဆံတယ်။ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ပေးနေတာကိုလည်း မြင်ရတယ်။ တစ်ကယ် ဝမ်းသာရတယ်။ ကျေးဇူးလည်း အများကြီးတင်တယ်ပေါ့။ စကစ ပြန်ဝင်လာလို့ ထပ်မံ ပိတ်ခိုင်းမှာကို မြို့ပေါ်က အစ္စလာမ် ဘာသာဝင်တွေက ဒီအချက်ကို အရမ်းစိတ်ပူနေကြတယ်”

လာမယ့် ဧပြီ ၂၁ ရက်မှာ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးသွားမယ်လို့ သတင်း ထွက်ပေါ်နေပြီး အုပ်ချုပ်ရေးကို ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာတော့ ဘယ်ဘက်ကမှ တရားဝင် ထုတ်ပြန်တာ မရှိ‌သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။