ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဧပြီလ ၈ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောင်ပင်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

နှောင်ပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒီနေ့ ဧပြီလ ၈ ရက် မနက် ၁ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်လို့ လူထိခိုက်သေဆုံးမှုဖြစ်ခဲ့တာပါ။ သေဆုံးသူတွေက ပျူစောထီးတွေနဲ့ အရပ်သားတွေလို့ သိရပါတယ်။ ပစ်ခတ်မှုက တစ်နာရီခန့်ကြာတယ်။”လို့ ကလေးမြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီအပြန်အလှန်ပစ်ခတ်မှုမှာ နှောင်ပင်ကျေးရွာက ကိုဖိုးလုံး၊ ကိုမင်းမင်းဦး၊ ကိုကျော်မင်းဇင်နဲ့ ကိုဆန်းလွင်တို့ သေဆုံးခဲ့ရပြီး နောက်ထပ်တစ်ဦးကလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့မနက်မှာ အခင်းဖြစ်ပွားတဲ့ အဲဒီနှောင်ပင်ကျေးရွာမှာ မနက် ၇ နာရီတုန်းက ကလေးမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများပြားနဲ့ လာရောက်ခဲ့ပြီး တပ်အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီဦးဆောင်တဲ့ ပျူစောထီးတွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ကလေးမြို့နယ်မှာ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကလည်း ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်ကာ စစ်သင်တန်းထဲ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ငလျင်အရေးပေါ်ကာလတွင်း စစ်ကောင်စီတပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဟာ ယာယီအပစ်ရပ်စဲပေမဲ့ ကလေးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။