လွေးလာဝ်ဇာရ်၊ ဧပြီ ၈ ရက်၊ မူဆယ်

တရုတ်ပြည်ကနေ မြန်မာဖက်ကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို မူဆယ်မြု့ ဆင်ဖြူဂိတ်မှာရှိတဲ့ လဝက (လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန) ဝန်ထမ်းတွေက သိမ်းဆည်းထားပြီး ပစ္စည်းတစ်ထုပ်ကို ၃ သိန်းကျပ်နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆင်ဖြူဂိတ်မှာ ၅ ကီလိုထက်မပိုတဲ့ ကုန်ပစ္စည်းတွေကို သယ်ယူခွင့်ပြုထားပြီး ၎င်းတို့ သတ်မှတ်ထားတဲ့ ၅ ကီလိုကိုသာ သယ်ယူသော်လည်း ပြန်ဖမ်းတာတွေ လုပ်နေတာကြောင့် ဒေသခံတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“အရင်က ၁၅ ကီလို သယ်ယူခွင့်ပေးတယ်။ အခုက ၅ ကီလို ပြန်သတ်မှတ်တယ်။ သူတို့သတ်မှတ်ထားသလောက်ဘဲ လူတွေကသယ်တယ်။ အဲဒါလည်း ပြန်ဖမ်းတယ်။ ပစ္စည်းတွေလည်း တစ်ထုတ်ကို ၂ သိန်း၊ ၃ သိန်း ပြန်ရွေးခိုင်းတယ်။ အခွန်ရုံးကို ပစ္စည်းပြန်ရောက်တော့လည်း အလှပြင်ပစ္စည်း Brand တွေဆို အကောက်ခွန်ကတော်(အမျိုးသမီး)တွေက ယူထားပါတယ်။ အကောက်ခွန်၊ ရဲ၊ လဝက တွေ လုပ်စားနေတာ။ တစ်နေ့တစ်နေ့ ပြန်ရွေးရတဲ့ငွေလည်း သိန်းရာချီလောက်ရှိတယ်” လို့ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မီးစက်နဲ့ အခြားစက်ပစ္စည်းတွေလည်း လဝကတွေက ယူထားပြီး ပစ္စည်းရဲ့ အလေးချိန်နဲ့ တန်ဖိုးပေါ် မူတည်ပြီး ငွေပေးဆောင်ရတယ်လို့ နောက်ထပ်ကြုံတွေ့ရသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့က အလေးပါတဲ့ပစ္စည်းတွေ စက်ပစ္စည်းတွေ မီးစက်တွေပါရင် သိမ်းထားတယ်။ ပြန်ရွေးမယ်ဆိုရင် အဲဒီပစ္စည်းရဲ့ အလေးချိန်နဲ့ တန်ဖိုးငွေ ၇ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းလောက် တောင်းတယ်။ ပစ္စည်းဈေးကြီးရင် ကြီးသလိုတောင်းတယ်” လို့ ပြောပါတယ်။

ဆင်ဖြူဂိတ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကုန်သည်တွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးပြီး ငွေသိန်းချီနဲ့ ပြန်ရွေးယူခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်တုန်းကလည်း မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်မှာ မူဆယ် လဝက အရာရှိတစ်ဦးက အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူးလဲတဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။