ဓာတ်ပုံ – Local

ယာရူစိင်၊ ဧပြီ ၇ ရက်၊ လားရှိုး

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ကိုးကန့်တပ် တစ်အိမ်ကို ကျပ်သိန်း ၅၀ လျှော်ကြေးပေးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း လက်နက်ကြီးပေါက်ကွဲလို့ ပျက်စီးတဲ့ မြို့ထဲ နေအိမ်ပိုင်ရှင်တွေကို မနေ့ ဧပြီ ၆ ရက်မှာ ဆင့်ခေါ်ပြီး လားရှိုးမြို့ရှိ ယူနန်းခမ်းမမှာ ဒီနေ့ ဧပြီ ၇ ရက် မနက် ၁၀ နာရီအချိန်မှာ လျော်ကြေးငွေ ပေးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပျက်စီးတဲ့‌အိမ်‌တွေပဲပေးမယ်တဲ့။ နည်းနည်းပဲပျက်စီးတဲ့အိမ်နဲ့ ပြိုကျတာမဟုတ်တဲ့ အိမ်တွေတော့ ပိုက်ဆံပေးမဲ့ထဲမှာ ပါချင်မှပါမှာပေါ့။ သိရသလောက်က တကယ်ပဲ လုံးဝပျက်စီးသွားတဲ့အိမ်တွေတော့ လျှော်ကြေးပေးတာပေါ့။ စာရင်း စကောက်တယ်ဆိုကတည်း လုံးဝနေလို့မရတော့တဲ့ အိမ်တွေကို ဦးစားပေး စာရင်းထဲကို ထားပြီးတော့မှ ကောက်တာပေါ့”လို့ လားရှိုးမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

လားရှိုးမြို့မှာ လျှော်ကြေးငွေ ပေးနေတာနဲ့ ပတ်သက်ပြီး ရွှေဖီမြေက လားရှ်ိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဒါကြောင့် လျှော်ကြေးငွေ ပေးသွားတဲ့ အိမ်အရေအတွက်နဲ့ ကျန်ရှိနေသေးတဲ့ အိမ်အရေအတွက် စာရင်းကိုတော့ ရွှေဖီမြေက မရရှိသေးပါဘူး။

လာမယ့် ဧပြီ ၂၁ ရက်မှာ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးသွားမယ်လို့ သတင်း ထွက်ပေါ်နေပေမယ့် မြို့အုပ်ချုပ်ရေးပိုင်းကို ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာတော့ ဘယ်ဘက်ကမှ တရားဝင် ထုတ်ပြန်တာ မရှိ‌ပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။