ဓာတ်ပုံ- TNLA

မိုင်းရူပ၊ ဧပြီ ၆ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်- TNLA က ထုတ်ပြန်ပါတယ်။

မနေ့ ဧပြီ ၅ ရက် နေ့လယ် ၂ နာရီမှာ တောင်းခမ်းရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်ဘက်က အဆိပ်ငွေ့ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဧပြီ ၆ ရက်အထိ ၉၀၂ တပ်စခန်းမှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့ အဆိပ်ဗုံးနဲ့ လာကြဲတာ ဟုတ်တယ်။ ဒီနေ့လည်း တိုက်ပွဲ ပြင်းထန်နေတယ်။ လက်နက်ကြီးနဲ့လည်း ဆက်တိုက် ပစ်နေတယ်”

စစ်တပ်ဟာ အပစ်ရပ်ထားပေမဲ့ TNLA ထိန်းချုပ်ဒေသတွေကို လေယာဥ်နဲ့ ဗုံးကြဲတာ၊ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။

မနေ့ ဧပြီ ၅ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် နောင်လင်နဲ့ နမ့်ဆောင်ဟူးရွာထဲ ဂျက်လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ တောင်းခမ်း တိုက်ပွဲမှာ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ TNLA ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီအပါအဝင် တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြောကြပေမဲ့ အပြန်အလှန် တိုက်ခိုက်မှု ဆက်ရှိနေပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။