ဓာတ်ပုံ- AA

ရွှေဖီမြေ၊ ဧပြီ ၆ ရက်

ရခိုင်ပြည်နယ်နဲ့ ပဲခိုင်းတိုင်းအစပ် ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ညောင်ကျိုး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ညောင်ကျိုး တပ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်မှာ AA က စတင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း သိမ်းပိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က အပစ်ရပ်ပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်မှု မလုပ်တော့ပေမဲ့ AA ထိန်းချုပ်ဒေသကို စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ AA က ပြောဆိုပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သပြုတောင်၊ ပြားတဲနဲ့ ပြင်ရှည်ရွာတွေမှာ လက်နက်ကြီးနဲ့ဒရုန်း အသုံးပြု ပစ်ခတ်တိုက်နေပြီး ပြီးခဲ့တဲ့ ဧပြီ ၂ ရက် တစ်ရက်တည်းမှာတင် ဒရုန်းနဲ့ အကြိမ် ၉၀ ဝန်းကျင်၊ လက်နက်ကြီးနဲ့ ၆၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာလည်း စစ်တပ်ဟာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့လေယာဥ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ငလျင်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ဖို့ အာရက္ခတပ်တော် ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ တစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြောကြပေမဲ့ အပြန်အလှန် တိုက်ခိုက်မှု ဆက်ရှိနေပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေအပါဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေဟာ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။