ဓာတ်ပုံ- AA

ရွှေဖီမြေ၊ ဧပြီ ၆ ရက်

ရခိုင်ပြည်နယ်နဲ့ ပဲခိုင်းတိုင်းအစပ် ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ညောင်ကျိုး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ညောင်ကျိုး တပ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်မှာ AA က စတင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း သိမ်းပိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က အပစ်ရပ်ပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်မှု မလုပ်တော့ပေမဲ့ AA ထိန်းချုပ်ဒေသကို စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ AA က ပြောဆိုပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သပြုတောင်၊ ပြားတဲနဲ့ ပြင်ရှည်ရွာတွေမှာ လက်နက်ကြီးနဲ့ဒရုန်း အသုံးပြု ပစ်ခတ်တိုက်နေပြီး ပြီးခဲ့တဲ့ ဧပြီ ၂ ရက် တစ်ရက်တည်းမှာတင် ဒရုန်းနဲ့ အကြိမ် ၉၀ ဝန်းကျင်၊ လက်နက်ကြီးနဲ့ ၆၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာလည်း စစ်တပ်ဟာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့လေယာဥ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ငလျင်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ဖို့ အာရက္ခတပ်တော် ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ တစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြောကြပေမဲ့ အပြန်အလှန် တိုက်ခိုက်မှု ဆက်ရှိနေပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေအပါဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေဟာ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။