ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ ဧပြီ ၅ ရက်၊ နောင်ချို

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုပ်ခတ်ပြီးချိန် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျဆုံးသွားခဲ့တဲ့ ဓနုတပ်- DPLF/DPLA ရဲ့ စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည်ကို မနေ့ ဧပြီ ၄ ရက်က ပြုလုပ်ခဲ့တယ်လို့ ဓနုတပ်တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျဆုံးသွားသူအားလုံးဟာ လူငယ်ပိုင်းတွေဖြစ်ပြီး အားလုံးက တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်နေကြသူတွေ ဖြစ်တယ်လို့ ဓနုတပ်ရဲ့ ခေါင်းဆောင်ဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“အားလုံးက သူ့သဘောနဲ့သူ လာပြီး တာဝန်ထမ်းဆောင်တဲ့လူတွေပဲ။ အဲကျသွားတဲ့ Join ဆိုတဲ့ကလေးဆို ရှေ့တန်း ထွက်ချင်လွန်းလို့ အသက်ကို လိမ်ထားတာ။ တစ်ကယ်တမ်း သူ့အသက်က ၁၅ နှစ်ပဲ ရှိသေးတော့ ပြန်ခေါ်ထားလိုက်တာ”

ကျဆုံးသွားသူတွေဟာ နန္ဒာ (၁၉ နှစ်)၊ ထွေးထွေး (၁၇ နှစ်)၊ ရတီ (၁၉ နှစ်)၊ ထက်ထက် (၁၆ နှစ်)၊ နာဇီ (၂၂ နှစ်)၊ ပန်းအိ (၁၇ နှစ်)နဲ့ Join (၁၅ နှစ်)တို့ပဲ ဖြစ်ပါတယ်။

သူတို့အားလုံးဟာ ဂျက်ဖိုက်တာနဲ့ ဗုံး လာကြဲချိန် ကတုတ်ကျင်းထဲ ဝင်ရောက် ပုန်းခိုခဲ့ပေမဲ့ ဗုံးသီးဟာ ကတုတ်ကျင်းထဲ ကျရောက်ခဲ့တာကြောင့် ကျဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။