မိုင်းရူပ၊ ဧပြီ ၄ ရက်၊ နောင်ချို

တအာင်းတပ်မတော်- TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာရှိ စစ်တပ်စခန်းတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်လာပါတယ်။

စစ်တပ်ဟာ မနေ့ ဧပြီ ၃ ရက် နေ့လယ် ၁၂ ဝန်းကျင်မှာ ရှမ်းတောင် ရပ်စောက်မြို့နယ် အင်းတော-ကျောက်ဂူ-တောင်ခြေကနေတဆင့် တောင်းခမ်းရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ ထဲ စစ်ကား ၇ စီးနဲ့ လူအင်အား ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ရေးတွေ ငြိမ်သက်နေပေမဲ့ တောင်းခမ်းမှာ စစ်အင်အား ဖြည့်တင်းပြီး ဒီနေ့ ဧပြီ ၄ ရက်မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီက အပစ်ရပ်တယ်လို့လည်း ပြောတယ်။ မနေ့က စစ်အင်အား ဖြည့်တယ်။ ဒီနေ့ သူတို့ ထိုးစစ် ပြန်လုပ်တာ။ ၉၀၂ မှာ တိုက်ပွဲ ပြင်းထန်နေတယ်”

ဧပြီ ၁ ရက်မှာလည်း ငလျင်ဒဏ်သင့်တဲလူထုတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်တပ်ဟာ နောင်ချိုမြို့နယ် လွယ်ခွင်ရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ ဦးဒဏ်ရာ ရခဲ့ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်သင့်တဲ့လူထုတွေကို စာနာတဲ့အနေနဲ့ ပြန်လည် ထူထောင်ရေး ပြုလုပ်နိုင်ဖို့ ဧပြီ တစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်တပ်ကလည်း ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

အပစ်ရပ်ထားချိန် စစ်တပ်ဟာ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီနဲ့ ရှမ်းမြောက်ရှိ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။