မိုင်းရူပ၊ ဧပြီ ၄ ရက်၊ နောင်ချို

တအာင်းတပ်မတော်- TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာရှိ စစ်တပ်စခန်းတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်လာပါတယ်။

စစ်တပ်ဟာ မနေ့ ဧပြီ ၃ ရက် နေ့လယ် ၁၂ ဝန်းကျင်မှာ ရှမ်းတောင် ရပ်စောက်မြို့နယ် အင်းတော-ကျောက်ဂူ-တောင်ခြေကနေတဆင့် တောင်းခမ်းရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ ထဲ စစ်ကား ၇ စီးနဲ့ လူအင်အား ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ရေးတွေ ငြိမ်သက်နေပေမဲ့ တောင်းခမ်းမှာ စစ်အင်အား ဖြည့်တင်းပြီး ဒီနေ့ ဧပြီ ၄ ရက်မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီက အပစ်ရပ်တယ်လို့လည်း ပြောတယ်။ မနေ့က စစ်အင်အား ဖြည့်တယ်။ ဒီနေ့ သူတို့ ထိုးစစ် ပြန်လုပ်တာ။ ၉၀၂ မှာ တိုက်ပွဲ ပြင်းထန်နေတယ်”

ဧပြီ ၁ ရက်မှာလည်း ငလျင်ဒဏ်သင့်တဲလူထုတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်တပ်ဟာ နောင်ချိုမြို့နယ် လွယ်ခွင်ရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ ဦးဒဏ်ရာ ရခဲ့ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်သင့်တဲ့လူထုတွေကို စာနာတဲ့အနေနဲ့ ပြန်လည် ထူထောင်ရေး ပြုလုပ်နိုင်ဖို့ ဧပြီ တစ်လလုံး အပစ်ရပ်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်တပ်ကလည်း ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

အပစ်ရပ်ထားချိန် စစ်တပ်ဟာ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီနဲ့ ရှမ်းမြောက်ရှိ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။